Website ဖန်တီးခတွေက အဘယ်အကြောင်းကြောင့် အနည်းအများမတူတာလဲ

မိမိလုပ်ငန်းအတွက် ကိုယ်ပိုင်ဝဘ်ဆိုဒ်တစ်ခုဖန်တီးတည်ဆောက်ခြင်းသည် မိမိလုပ်ငန်း၏ အွန်းလိုင်းအပိုင်းနှင့် လုပ်ဆောင်ရန်လိုအပ်သော ရည်ရွယ်ချက် ပန်းတိုင်များကို အောင်မြင်ရန်အတွက်အကောင်းဆုံးသော အံသြဖွယ်သော နည်းလမ်းတစ်ခုဖြစ်သည်။ ဝဘ်ဆိုဒ်ဖန်တီးရေးသားခြင်းအမှုအတွက် အခကြေးငွေ ကုန်ကျစရိတ် အလွန်ကွာခြားရသည့် အကြောင်းအရင်းအချို့ လေ့လာကြည်ကြပါစို့။

  ဝဘ်ဆိုဒ် (website) တွင် ပါဝင်သော အင်္ဂါရပ်များနှင့် ရှုပ်ထွေးမှု - ဝဘ်စာမျက်နှာအနည်းငယ်မျှသာပါဝင်သော ရိုးရှင်းသော လုပ်ငန်းအကြောင်း၊ ပစ္စည်းအကြောင်း၊ ဆက်သွယ်နိုင်သည့်အချက်အလက်များဖော်ပြသော ဝဘ်ဆိုဒ်များသည် ကုန်ကျစရိတ်သက်သာသော်လည်း ဈေးဝယ်နိုင်သည့် လုပ်ငန်းဆောင်ရွက်ချက်များ၊ လုံခြုံသောငွေပေးချေမှု လုပ်ငန်းဆောင်ရွက်ချက်များ၊ စရင်းဇယား စီမံခန့ခန့်ခွဲမှု လုပ်ငန်ဆောင်ရွက်ချက်များ ပါရှိသော အွန်လိုင်းစတိုး ဝဘ်ဆိုဒ်များ၏ ကုန်ကျစရိတ်သည် များစွာကြီးမားနိုင်သည်။ ဝဘ်ဆိုဒ်တွင်ပါဝင်လိုသော အင်္ဂါရပ်များနှင့် လုပ်ဆောင်နိုင်စွမ်းများ ပိုမိုရှုပ်ထွေးလေလေ အချိန်နှင့် ကျွမ်းကျင်မှု လိုအပ်လေလေဖြစ်သောကြောင့် ကုန်ကျစရိတ်ပိုများလေဖြစ်သည်။

ဝဘ်ဆိုဒ် အပြင်အဆင် (design customization) - ဝဘ်ဆိုဒ်အမြင်ပိုင်းဆိုင်ရာ အပြင်အဆင်အတွက် ကြိုတင်ရေးဆွဲထားသော နမူနာပုံစံ အသုံးပြုတည်ဆောက်သော ဝဘ်ဆိုဒ်သည် အခြားသော ဝဘ်ဆိုဒ်များနှင့်မတူ ကွဲပြားပြီး လုံးဝထူးခြားစေရန် စိတ်ကြိုက်အပြင်အဆင်ဖန်းတီးမှုဖြင့် တည်ဆောက်ထားသော ဝဘ်ဆိုဒ်ထက် များစွာသက်သာသည်။ ကြိုတင်ရေးဆွဲထားသော နမူနာပုံစံအသုံးပြုခြင်းတွင် နမူနာပုံစံအတိုင်းသာ တစ်ထေရာတည်း တည်ဆောက်ခြင်းဖြစ်ပြီး စိတ်ကြိုက်ပြင်ဆင်ရေးသားခြင်းတွင် လုပ်ငန်းအလိုက် သတ်မှတ်ထားသော အမှတ်တံဆိပ်၊ အလေ့အထအပြုအမူများနှင့် ကိုညီစေရန် အမြင်ပိုင်ဆိုင်ရာအပိုင်းအားလုံးကို အစမှဖန်တီးခြင်းဖြစ်သည်။

ဝဘ်ဆိုဒ်တွင်ပါဝင်သော အကြောင်းအရာလိုအပ်ချက်များ (content needs) - ဝဘ်ဆိုဒ်တွင်ဖော်ပြလိုသောအကြောင်းအရာများကိုပါ ပညာရှင်ဆန်ဆန်ရေးသားပေးစေလို‌သောအခါတွင်လည်း ကုန်ကျစရိတ်ထပ်မံရှိသည်။ အချို့သော ဝဘ်ဆိုဒ်ရေးသားသော သူများသည်လည်း အကြောင်းအရာဖန်တီးရေးသားပေးသော ဝန်ဆောင်မှုပေးသလို အချို့သည် သီးခြားဖြစ်သော ၎င်းဝန်ဆောင်မှုပေးသော သူများထံသို့ အကြံပြုပေးသည်။

ဝဘ်ဆိုဒ်ကို ဖန်တီးရေးသားသော သူအတွေ့အကြုံရှိမှု (developer experience) - ဝဘ်ဆိုဒ်ဖန်တီးသူများ၏ အတွေ့အကြုံရှိမှုအပေါ်မူတည်ပြီးလည်း ကောက်ခံသည့်နှုန်းထားများ ကွဲပြားသည်။ အတွေ့အကြုံဆိုသည်မှာ ထိရောက်အကျိုးရှိမှုနှင့် ရှုပ်ထွေးသော စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းဖြစ်သည်။

တည်နေရာ (location) - ဝဘ်ဆိုဒ်ကို ဖန်တီးရေးသာမည့် သူ သို့မဟုတ် အဖွဲ့စည်း၏ ပထဝီဝင်တည်နေရာ ပေါမူတည်၍လည်း ကုန်စရိတ်အခကြေးငွေ ကွဲပြားနိုင်သည်။ လူနေမှုစရိတ်များသည် ဝဘ်ဆိုဒ်၏ဈေးနှုန်းသတ်မှတ်ရာတွင် သက်ရောက်မှုရှိသည်။