
အမျိုးအစားတူသော element အစုအဝေးကို သိမ်းဆည်းပေးထားသော data structure ကို array ဟုခေါ်သည်။ array ထဲရှိ elements များကို တစ်ဆက်တည်းဖြစ်သော memory locations များတွင် သိမ်းဆည်းသည်။ ဆိုလိုသည်မှာ elements များသည် တစ်ခုနှင့်တစ်ခုကပ်လျှက်ရှိနေခြင်းဖြစ်သည်။ array ထဲတွင်ရှိသော element တိုင်းတွင် ၎င်းတို့၏ တည်နေရာကိုဖော်ပြပေးသော index တစ်ခုစီရှိပြီး ၎င်း index ကိုအသုံးပြု၍ သက်ဆိုင်ရာ element ကို ရယူနိုင်သည်။
Array များ၏ ဝိသေသလက္ခဏာအချို့မှာ
Fixed size - array တစ်ခုကို ကြေညာပြီးလျှင် ၎င်း၏ size ကိုပြောင်းလဲလို့မရနိုင်ပါ။
Same data type - array တစ်ခုတွင်ပါဝင်သော elements အားလုံးသည် တူညီသော data type ဖြစ်ရမည်။
Contiguous memory - elements များကို တစ်ခုနှင့်တစ်ခု ကပ်လျှက် သိမ်းဆည်းထားခြင်းကြောင့် ရယူသည့်အခါတွင် အထောက်အကူဖြစ်သည်။
Indexed access - element တစ်ခုချင်းစီကိုလည်း index ကိုအသုံးပြု၍ ရယူနိုင်သည်။ index number သည် 0 မှစသည်။
Array ကို အမျိုးမျိုးသော programming language များတွင်
- အချက်အလက်များကို list ဖြင့်သိမ်းဆည်းရန်
- matrices နှင့် multi-dimensional data structure တည်ဆောက်ရန်
- stack နှင့် queues ကဲ့သို့သော data structure များ အကောင်အထည်ဖော်ရန်
- အချက်အလက်များကို စီခြင်းနှင့် ရှာဖွေခြင်းများ ပြုလုပ်ရန် အသုံးပြုကြသည်။