ကွန်ပျူတာနယ်ပယ်တွင် caching သည် မူရင်းအရင်းအမြစ်ထက် ရယူရန်လွယ်ကူလျှင်မြန်သော ယာယီတည်နေရာတွင် အချက်အလက်သိမ်းဆည်ခြင်းကို ရည်ညွှန်းသည်။ လိုအပ်သည့်အချိန်တိုင်း ဖတ်ရှု့နိုင်ရန် အသုံးအများဆုံးသော(သို့) အဖတ်အများဆုံးသောစာအုပ်များကို အလုပ်စားပွဲအနီးတွင် အစုအပုံလိုက်ရှိခြင်းနှင့်တူသည်။
Cache အလုပ်လုပ်ပုံမှာ
အသုံးပြုသူသည် အချက်အလက်အချို့ကိုတောင်းခံသည့်အခါတွင် စနစ်သည် အရင်ဆုံး cache တွင် စစ်ကြည့်သည်။
တောင်းခံသည့် အချက်အလက်သည် cache တွင် ရှိပါက စနစ်သည် အချက်အလက်များကို cache မှ ပြန်လည် ရယူသည်။ ၎င်းသို့လုပ်ဆောင်သောကြောင့် မူရင်းအရင်းအမြစ်မှ ရယူခြင်းထက် သာ၍လျှင်မြန်သည်။
တောင်းခံသည့် အချက်အလက်သည် cache တွင် မရှိပါက စနစ်သည် အချက်အလက်များကို မူရင်းအရင်းအမြစ်မှ ထုတ်ယူသည်။ ထို့အပြင် နောက်လာမည့်တောင်းခံမှုများအတွက် အချက်အလက်မိတ္တူကို cache တွင်လည်း သိမ်းဆည်းသည်။
အထူးသဖြင့် မကြာခဏ ရယူလေ့ရှိသော အချက်အလက်များအတွက် cache သည် ထူးခြားလောက်အောင် လျှင်မြန်နိုင်စေသည်။
Cache ကို အောက်ဖေါ်ပြပါနေရများအပါအဝင် အခြားသော နေရာများစွာတွင်လည်း အသုံးပြုသေးသည်။
Web browsers များသည် အသုံးပြုသူ တစ်ကြိမ် ဝင်ရောက်ကြည့်ရှု့ခဲ့ဖူးသော website တစ်ခု၏ ဝက်ဘ်စာမျက်နှာများနှင့် ပုံများကို အသုံးပြုသူ ဝင်ရောက်ကြည့်ရှု့တိုင်း ၎င်းဝက်ဘ်စာမျက်နှာများနှင့် ပုံများကို ဒေါင်းလုဒ်မလုပ်ရရန် cache ဖြင့် တစ်ကြိမ်ဝင်ရောက်ကြည့်ရှု့ခဲ့ဖူးသော ဝက်ဘ်စာမျက်နှာများနှင့် ပုံများကို သိမ်းဆည်ထားသည်။
CPU များတွင်လည်း မကြာခဏအသုံးပြုလေ့ရှိသော ညွှန်ကြားချက်များနှင့် အချက်အလက်များကို ပိုမိုမြန်ဆန်စွာရယူနိုင်စေရန်အတွက် cache များဖြင့်သိမ်းဆည်းထားသည်။
Databases များတွင်လည်း မကြာခဏအသုံးများသော queries များကို cache ဖြင့်သိမ်းဆည်းပြီး စွမ်းဆောင်ရည်ကို မြှင့်တင်သည်။
အချုပ်အားဖြင့်ဆိုရလျှင် caching သည် မကြာခဏအသုံးပြုရသည်များကို ထိမ်းသိမ်းပြီး စွမ်းဆောင်ရည်ကိုမြှင့်တင်သော နည်းပညာတစ်ခုဖြစ်သည်။