window ဟုဆိုရာတွင် အကြောင်းအရာပေါ်မှာ မူတည်၍ အဓိပ္ပာယ် ( ၂ ) မျိုးခွဲခြားနိုင်သည်။
၁. Graphical user interface (GUI) element
GUI အနေဖြင့်ပြောရလျှင် program (သို့) process တစ်ခု၏ ရလဒ်ကို ကွန်ပျူတာမျက်နှာပြင်ပေါ်တွင်ဖော်ပြသည့် graphical control element တစ်ခုဖြစ်သည်။ ၎င်းတွင် သက်ဆိုင်ရာ program ၏ သီးခြားအချက်အလက်များ (သို့) လုပ်ဆောင်နိုင်စွမ်းများပါဝင်ပြီး မရှိမဖြစ်လိုအပ်သော ထောင့်မှန်စတုဂံတစ်ခုဖြစ်သည်။
GUI အနေဖြင့် window ၏အဓီကလက္ခဏာများ
၁. Visual area (အမြင်နိုင်သော ဧရိယာ) window တိုင်းတွင် program ၏အကြောင်းအရာပြသသည့် သတ်မှတ်ထားသော မြင်နိုင်သော ဧရိယာတစ်ခုရှိသည်။ ဤဧရိယာကို ကွန်ပျူတာ မျက်နှာပင်တစ်ဝိုက်တွင် အရွယ်အစားပြောင်းပြီးရွေ့နိုင်သည်။
၂. Window decoration (window အပြင်အဆင်) window ကို အများအားဖြင့် ဘောင် (သို့) ခေါင်းစဉ်ဘားဖြင့် ဘောင်ခတ်ထားပြီး window အကျဉ်းကျယ်လုပ်ရန်၊ ပိတ်ရန်နှင့် နေရာရွှေ့ရန်အတွက် ခလုတ်များကဲ့သို့သော အစိတ်အပိုင်းများပါဝင်နိုင်သည်။
၃. Overlapping window (window တစ်ခုနှင့်တစ်ခုထပ်ခြင်း) ခေတ်မီသော OS များတွင် window အများအပြားကို တစ်ပြိုင်နက်ဖွင့်နိုင်သည့်အပြင် ဖွင့်ထားသော window များကိုတစ်ခုနှင့်တစ်ခုထပ်နေနိုင်သည်။ ဤသည်ကြောင့် multitasking လုပ်ကိုင်နိုင်ခြင်း နှင့် မတူညီသော program များကြား လွယ်ကူစွာ ကူပြောင်းနိုင်စေသည်။
၄. Input and output (အချက်အလက်အသွင်းအထုတ်) အသုံးပြုသူများသည် program သို့ အချက်အလက်ထည့်သွင်းပေရန်အတွက် (သို့) ပြသထားသော အကြောင်းအရာများကို ညွှန်ကြားရန်အတွက် mouse (သို့) keyboard ကဲ့သို့သော အချက်အလက်အသွင်း ကိရိယာများမှတစ်ဆင့် window နှင့် အပြန်အလှန် တုံ့ပြန်နိုင်သည်။
၂. Microsoft Windows operating system
Microsoft Windows သည် Microsoft မှ ဖန်တီးထုတ်လုပ်ရောင်းချသော OS အစု ဖြစ်သည်။ ၎င်းသည် တစ်ကမ္ဘာလုံးတွင် အသုံးအများဆုံးသော OS ဖြစ်ပြီး သန်းပေါင်းများစွာသော PCများ နှင့် လက်တော့များကို အသက်ဝင်ထားစေသည်။
အချုပ်အားဖြင့်ဆိုရလျှင် window သည် program၊ software နှင့် system တစ်ခုနှင့်ဆက်သွယ်နိုင်သော ဝင်ပေါက်တစ်ခုဖြစ်သည်။