Framework

Framework ကိုတိုက်ရိုက်ဘာသာပြန်ရင် မြန်မာလို မူဘောင် ဟုဆိုလိုသည်။ အဓိကဆိုလိုသည်မှာ လုပ်ငန်းတစ်ခုကိုလုပ်ဆောင်သည့်အခါ လုပ်ကိုင်ရမည့်နည်းလမ်း၊ လိုက်နာအသုံးပြုရမည့် ချမှတ်ထားသော စည်းမျဉ်းများ၊ အထောက်အကူဖြစ်သော ဖွဲ့စည်းမှု ဖြစ်သည်။ အခုရေးသားသော ဗဟုသုတစာတမ်းသည် နည်းပညာဆိုင်ရာ စာတမ်းဖြစ်ခြင်း၊ မူရင်းအဓိပ္ပာယ် ပျက်ပျယ်မည်စိုးခြင်း စသည်အကြောင်းကြောင်း များကြောင့် မူရင်းအင်္ဂလိပ်စာလုံးအတိုင်းအသုံးပြုပါမည်။

Framework သည် အကြောင်းအရာ (သို့) နယ်ပယ်ပေါ်မူတည်၍ အဓိပ္ပါယ်အမျိုးမျိုးရှိနိုင်သည်။

Software ဖန်တီးမှုနယ်ပယ် 

Software framework - ၎င်းသည် application များဖန်တီးတည်ဆောက်ရာတွင် ပြန်ပြန်အသုံးပြုနိုင်သော အခြေခံလိုအပ်သော software အစိတ်အပိုင်းများကို စုစည်းထားခြင်းဖြစ်သည်။ ပါဝင်သော software အစိတ်အပိုင်းများသည် ကြိုတင်တည်ဆောက်ထားခြင်းဖြစ်ပြီး developer များသည် ၎င်းတို့ကိုအသုံးပြုခြင်းဖြင့် အစမှစတင်ရေးသားရခြင်းမှ ရှောင်းရှားနိုင်သောကြောင့် အချိန်ကုန်သက်သာပြီး အကျိုးရှိသည်။ framework သည် ဖန်တီးလိုသည့် application ၏ကျောရိုးကိုတစ်ခုဖြစ်ပြီး developer များအနေဖြင့် လိုအပ်သော အသေးစိတ်ဖြစ်သော စိတ်ကြိုက်ဖြစ်သော လုပ်ငန်းဆောင်တာများသာ ထပ်ဖြည့်ရေးသားရန်သာလိုသည်။

အခြားသောနယ်ပယ်များ

Conceptual framework - ၎င်းသည် ဘာသာရပ်တစ်ခုကိုနားလည်ရန် (သို့) ခွဲခြမ်းစိတ်ဖြာရန် အသုံးပြုသည့် စိတ်ကူးစိတ်ကြံများ (သို့) အခြေခံမူများ စုပေါင်းထားသော အစုအဝေးတစ်ခုဖြစ်ပြီး မှန်ဘီလူးတစ်ခုဖြင့်ကြည့်သကဲ့သို့ အချက်အလက်များကိုစုစည်းအဓိပ္ပာယ်ဖွင့်ပြီး အသုံးပြုသူအတွက် နည်းလမ်းကိုထောက်ပြပေးသည်။

Physical framework - ၎င်းသည် သံမဏိ၊ သစ်သား၊ ဝါး ဖြင့် ပြုလုပ်ထားသော အဆောက်အအုံဘောင်ကဲ့သို့ တစ်စုံတစ်ရာအတွက် အထောက်အကူဖြစ်စေသည့် ဖွဲ့စည်ပုံဖြစ်သည်။ ၎င်းသည် အရာဝတ္ထုများအတွက် အခြေခံဖွဲ့စည်းပုံနှင့် အခြေခံအုတ်မြစ်ကို အထောက်အကူဖြစ်သည်။