HTTP headers များသည် HTTP requests ( client မှသည် server သို့ ပို့လွှတ်ခြင်း ) နှင့် HTTP responses ( server မှသည် client သို့ ပို့လွှတ်ခြင်း ) များတွင်ပါဝင်ဝင်သော fields များဖြစ်သည်။ ၎င်းတို့သည် metadata အနေဖြင့် content တွင်ပါဝင်ခြင်းမျိုးမဟုတ်ပဲ request (သို့) response တွေအကြောင်း အချက်အလက်များ ထပ်ပေါင်းပေးသည်။ ပါဆယ်အထုပ်များတွင် ရိုက်နှိပ်ထားသော အညွှန်းစာသည် ပါဝင်သောပစ္စည်း၊ ပို့ရမည့်နေရာ၊ မည့်သို့ပုံကိုင်တွယ်ရမည် စသည်တို့ကို ညွှန်ပြခြင်းမျိုးနှင့် ဆင်တူသည်။
HTTP headers များ၏ရည်ရွယ်ချက်
ပို့လွတ်ပေးသော content မျိုးအစား ဥပမာ - HTML၊ JSON၊ image
Content ၏ အရွယ်အစား
Content ၏ ဘာသာစကား
Request (သို့) response ပို့လွှတ်သော နေ့ရက်၊ အချိန်
ကာကွယ်ထားသော အရင်းအမြစ်များကို ရယူရန် ခွင့်ပြုချက်အထောက်အထားများ
Browsers နှင့် server များအတွက် caching ညွှန်ကြားချက်များ
အသုံးပြုသူများ၏ preferences နှင့် session များ သိမ်းဆည်းရန်အတွက် cookies များ
ဝှက်ကုတ် နှင့် content လုံးခြုံရေးမူဝါဒ ကဲ့သို့သော လုံခြုံရေးအစီမံများ
ကဲ့သိုသော မပါမဖြစ် အချက်အလက်များကို ပေးပို့ရန်ရည်ရွယ်သည်။
HTTP headers များ၏တည်ဆောက်ပုံ
အသီးသီးသော headers များသည် header name၊ colon (:) နှင့် header value ပါဝင်သော စာတစ်ကြောင်းဖြစ်သည်။ ဥပမာ - Content-Type: text/html ကဲ့သို့ဖြစ်သည်။
HTTP headers အမျိုးအစားများ
Request headers - client ၏ capabilities၊ preferences စသော request နှင့်ပက်သက်သော အချက်အလက်များကို client မှသည် server သို့ပို့လွတ်သည်။
Response header - server ၏ capabilities နှင့် response ကို မည်သို့ကိုင်ကွယ်ရမည် စသော response နှင့်ပက်သက်သော အချက်အလက်များကို server မှသည် client သို့ပို့လွတ်သည်။
Entity header - content ၏ အမျိုးအစား၊ အရွယ်အစား၊ encode လုပ်ထားပုံ ကဲ့သို့သော သတင်းစကားများကို ဖော်ပြပေးသည်။
General header - message နှင့်ပက်သက်သော အထွေထွ အချက်အလက်များကို request နှင့် response message များတွင် အသုံးပြုသည်။
အသုံးများသော HTTP headers များ
General - Date၊ Cache-Control၊ Connection၊ Transfer-Encoding
Request - Accept၊ Accept-Encoding၊ User-Agent၊ Referrer၊ Host၊ Authorization
Response - Content-Type၊ Content-Length၊ Expires၊ Location၊ Set-Cookie
HTTP headers များ၏အရေးပါမှု
Content negotiation
Caching mechanisms
User authentication and authorization
Content security and privacy
Performance optimization
cross -origin resource sharing (CORS)
နှင့်အခြားသော web လုပ်ဆောင်ချက်များ ကဲ့သို့သောလုပ်ဆောင်မှုများဖြင့် web communication တွင် အရေးပါသော အခန်းကဏ္ဍမှပါဝင်နေသည်။