case sensitive and case insensitive (စာလုံးအကြီးအသေး သတိထားရန်)

‌ programming ဆောင်းပါးအချို့မှာ case sensitive ဖြစ်သည် မဖြစ်သည် စသည်ဖြင့် တွေ့ဖူးဖတ်ဖူးကြမည် ထင်သည်။ case sensitive ဆိုသည်က စာလုံးအကြီးအသေးကို တူညီသည် ကွဲပြားသည် ဟုသတ်မှတ်ခြင်းဖြစ်သည်။

case sensitive ဖြစ်သည်ဟုဆိုလျှင် “Password” နှင့် “password” သည် ကွဲပြားသည်။ ဆိုလိုသည်က အဓိပ္ပာယ်၊ စာလုံးအရေအတွက်ထက် ပါဝင်တဲ့ စာလုံးများ၏ အကြီးအသေးကို မူတည်ပြီး သတ်မှတ်လို့ပါ။

case insensitive ဖြစ်သည်ဟုဆိုလျှင် “Password” နှင့် “password” သည် တူညီသည်။ 

နောက်ထပ် case sensitive ဖြစ်ခြင်း၊ မဖြစ်ခြင်းနဲ့ပတ်သတ်လို့ သိထားရမည့်အချက်များမှာ

၎င်းသည် အမှားများ၊ ရှုပ်ထွေးခြင်းများကို ဖြစ်‌ပေါ်စေနိုင်သည်။ ဥပမာ စနစ်တစ်ခုတွင် case sensitive သတ်မှတ်ထားခြင်းရှိ မရှိ မသိပဲ အသုံးပြုသူကြိုက်နှစ်သက်သလို ထည့်သွင်းသည့်အခါ အမှားများဖြစ်ပေါ်စေနိုင်သည်။

သို့‌သော်လည်း တိကျသေချာမှုကို တိုးတက်စေသည်။ ဥပမာ case sensitive ဖြစ်သော စနစ်တစ်ခုတွင် ထည့်သွင်းသွင်းစဉ်ကပင် သတ်မှတ်ချက်အတိုင်းထည့်သွင်းထားခြင်းကြောင့် အချက်လက်များ ပြန်လည်ရှာဖွေသောအခါတွင်လည်း တိကျသော အချက်အလက်များကိုရရှိသည်။

ထို့အပြင် case sensitive ဖြစ်မှုကို အသုံးပြုပြီး စည်းမျဉ်းဥပဒေများ လည်းသတ်မှတ်နိုင်သည်။