
Programming တွင် collection တစ်ခုဆိုသည်မှာ ဆက်စပ်နေသော အချက်အလက်အုပ်စုတစ်ခုကို ထည့်ထားသော container တစ်ခုဖြစ်သည်။ အချက်အလက်တစ်ခုချင်းစီတိုင်းကို ကိုင်တွယ်လုပ်ကိုင်ခြင်းထက် အချက်အလက်အားလုံးကို ကိုယ်စားပြုတစ်ခုအနေဖြင့် ရယူဆောင်ရွက်ခြင်းနှင့် အချက်အလက်များကို စုစည်းရန် အတွက် collection သည် နည်းလမ်းတစ်ခုဖြစ်သည်။ သစ်သီးတစ်လုံးချင်းကိုကိုင်တွယ်ခြင်းထက် အမျိုးမျိုးသောအသစ်သီးများကို ချင်းတောင်းတစ်လုံးထဲသို့ ထည့်ပြီးကိုင်တွယ်ခြင်း ကဲ့သို့ဖြစ်သည်။
Collections များ၏ အဓိကအချက်များ
Grouping of data - collections များသည် ဆက်နွယ်မှုရှိသော elements များကို စုစည်းပေးသည်။ ဥပမာ - shopping cart collection တစ်ခုသည် ဈေးဝယ်တစ်ယောက်၏ဝယ်ယူလိုသော ပစ္စည်းများကို စုစည်းပေးသည်။ ကျောင်းသားတစ်ယောက်အတွက် collection တစ်ခုသည် ကျောင်းသား၏ စာသင်ခန်းအချက်အလက်များကို စုစည်ပေးသည်။
Different types - collection အမျိုးမျိုးရှိပြီး အသီးသီးတွင်ကိုယ်ပိုင် ဝိသေသလက္ခဏာများနှင့် အချက်အလက်များရယူရန်နည်းလမ်းများလည်းရှိသည်။
Improved organization - collections များကိုအသုံးပြုခြင်းသည် code များကို ရှင်းလင်းစေခြင်း၊ စုစည်းခြင်းများစသည်တို့ကို ဖြစ်စေသည်။ elements တစ်ခုချင်းစီတိုင်း ကိုင်တွယ်ရန်အတွက် code ထပ်ခါထပ်ခါ ရေးသားခြင်းမျိုးကို ရှောင်ကျဉ်နိုင်ရန် ကူညီသည့်အပြင် element group တစ်ခုလုံးကိုင်တွယ်ရန်လည်း အဆင်ပြေစအဆင်ပြေစေသည်။
Data manipulation - collections များသည် elements များကို ထည့်သွင်းခြင်း၊ ပယ်ဖျက်ခြင်း၊ ရှာဖွေခြင်း၊ အစဉ်လိုက်စီခြင်းနှင့် ထပ်ခါထပ်ခါပြုလုပ်ခြင်း စသော လုပ်ဆောင်ချက်များအတွက် ထောက်ပံပေးသည်။
မျိုးမျိုးသော collections များနှင့် ၎င်းတို့၏ ဝိသေသလက္ခဏာများကို လေ့လာခြင်းသည်လည်း programming တွင် အရေးကြီးသကဲ့သို့ အကျိုးလည်းရှိသည်။