
ကွန်ပျူတာ ဟာဒ်ဝဲ (hardware) ဆိုသည်မှာ ကွန်ပျူတာတစ်လုံးတွင်ပါဝင်သော ရုပ်ပိုင်းဆိုင်ရာ အစိတ်အပိုင်းအားလုံး ဖြစ်သည်။ ထို့အပြင် ကွန်ပျူတာတစ်လုံး၏ အခြေခံအုတ်မြစ်လည်းဖြစ်သည်။
ကွန်ပျူတာတစ်လုံးတွင်အခြေခံ မပါမဖြစ်လိုအပ်သော ဟာဒ်ဝဲ (hardware) များမှာ
အဓိကဆားကစ်ပြား (motherboard) သည် ကွန်ပျူတာတစ်လုံးတွင်ပါဝင်နိုင်သော ဟာဒ်ဝဲ (hardware)များ ချိပ်ဆက် ဆက်သွယ်ပေးရာဌာနဖြစ်သည်။ ၄င်းတွင် ဟာဒ်ဝဲ (hardware) များချိပ်ဆက်နိုင်ရန် မျိုးမျိုးသော ချိပ်ဆက်အပေါက်များပါဝင်သည်။
ကွန်ပျူတာ၏ဦးနှောက် (central processing unit CPU) သည်ကွန်ပျူတာသို့ ဟာဒ်ဝဲ (hardware) ကိုအသုံးပြု၍ဖြစ်စေ၊ ဆော့ဖ်ဝဲ (software) ကိုအသုံးပြု၍ဖြစ်စေ စေခိုင်းလာသော ညွှန်ကြားချက်များ၊ လုပ်ငန်းစဉ်များ အားလုံးကိုလုပ်ဆောင်ပေးရသည်။
ကွန်ပျူတာ၏အလုပ်စားပွဲ (random access memory RAM) သည် လက်ရှိအချိန်တွင် ကွန်ပျူတာမှ လုပ်ဆောင်နေသော လုပ်ငန်းစဉ်နှင့်ပက်သော အချက်အလက်များကို အလုပ်လုပ်နေချိန်အတွင်း ယာယီ ထိမ်းသိမ်းပေးသည်။ စီပီယူ (CPU) ကိုလည်း အချက်အလက်များကို လျှင်လျှင်မြန်မြန်အကျိုးရှိရှိ လုပ်ဆောင်နိုင်ရန်ကူညီသည်။
ကွန်ပျူတာ၏စတို (storage drive) တွင် ဟာ့ဒ်ဒစ်ဒရိုက် ( hard disk drive HDD) နှင့် ဆိုးလစ်စတိတ်ဒစ်ဒရိုက် (solid-state drive SSD) ဟူ၍ လက်ရှိတွင် (၂) မျိုးရှိသည်။ ၄င်းသည် ကွန်ပျူတာတွင် အသုံးပြုသူမှ သိမ်းဆည်းထားသည့် အမျိုမျိုးသော အချက်အလက်များကို ၄င်း၏သက်တမ်းနှင့်အမျှသိမ်းဆည်းထားပေးသည်။
ကွန်ပျူတာ၏အဝင်လက်ခံများ (input devices) သည် အသုံးပြုသူများမှ ပေးသွင်းလာသော အချက်လက်၊ ဆက်သွယ်မှု၊ ညွှန်ကြားမှု စသော အဝင်များအားလုံးကို အမျိုးမျိုးသော လက်ခံများမှတစ်ဆင့် လက်ခံခြင်းဖြင့် အသုံးပြုသူများနှင့် ကွန်ပျူတာကို တိုက်ရိုက်ဆက်သွယ်မှုကို ဖြစ်စေသည်။
ကွန်ပျူတာ၏အထွက်များ (output devices) သည် အသုံးပြုသူများသို့ ပြန်လည်တင်ပြရမည်များအားလုံးကို အမျိုးမျိုးသော အထွက်များမှတစ်ဆင့် ဖော်ပြ (သို့) ပို့ဆောင်ပေးသည်။
အသုံးပြုမည့်လုပ်ငန်းပေါ်တွင်မူတည်ပြီး ထပ်မံဖြည့်သွင်း ချိပ်ဆက်သော ဟာဒ်ဝဲ (hardware) များလည်းရှိသည်။ ၄င်းတို့မှာ
ဂရပ်ဖစ်လုပ်ဆောင်မှုယူနစ် (graphic processing unit GPU) ကို ဂရပ်ဖစ်ဆိုင်ရာလုပ်ငန်းများနှင့် ဂိမ်းများ အတွက်ရည်ရွယ်သော ကွန်ပျူတာများတွင် ထမ်မံထည့်သွင်းကြသည်။
အသံပိုင်းဆိုင်ရာအထောက်အကူပြု (sound card) များကို အသံပိုင်းဆိုရာလုပ်ငန်း (သို့) ကွန်ပျူတာတွင် ပါဝင်ပြီးဖြစ်သော အသံပိုင်းဆိုရာ ဝန်ဆောင်မှုများထက်ပိုလိုအပ်သောအခါ ထည့်သွင်းကြသည်။
ကွန်ယက်ချိပ်ဆက်မှုအထောက်အကူပြု (network interface card NIC) များကို ရုံးတွင်းကွန်ပျူတာကွန်ယက်၊ အင်တာနက် ချိပ်ဆက်ရန်လိုသည့်အခါ ထည့်သွင်းကြသည်။ နောက်ပိုင်းထွက်ရှိလာသော အဆင့်မြင့် မားသားဘုတ် (motherboard) များတွင် ပါဝင်ပြီးသားဖြစ်သည်။
အခွေဖတ်စက် (optical drive) များကို အခွေမျိုးစုံဖတ်ရန်လိုအပ်သော လုပ်ငန်းများအတွက် ရည်ရွယ်သော ကွန်ပျူတာများတွင်ထည့်သွင်းကြသည်။