
programming တွင် data structure သည် ကွန်ပျူတာတွင်သိမ်းဆည်းထားသော အချက်အလက်များကို စုစည်းခြင်း၊ အစဉ်လိုက်စီခြင်း စသည်ကဲ့သို့သော လုပ်ငန်းများအတွက် မရှိမဖြစ် ဖြစ်သည်။ ၎င်းကြောင့်ပင် အချက်အလက်များကို ရယူခြင်း၊ တွက်ချက်ခြင်း လုပ်ငန်းများကို အကျိုးရှိရှိဆောင်ရွက်နိုင်သည်။ ထို့ပြင် data structure သည် အချက်အလက်များသည် memory တွင် မည်သို့မည်ပုံတည်ရှိနေသည်၊ အချက်အလက်တစ်ခုနှင့်တစ်ခုကြား ဆက်နွယ်မှု၊ မည်သို့သော operation များ လုပ်ကိုင်နိုင်ကြောင်းကိုပါ သတ်မှတ်ပေးသည်။
ကွန်ပျူတာတစ်လုံးကို ဘီဒိုတစ်လုံးအဖြစ် မြင့်ကြည့်လျှင် မျိုးမျိုးသော data structure သည် မျိုးမျိုးသော အံဆွဲ၊ အကန့်များ ဖြစ်ပြီး မိမိထည့်လိုသော ပစ္စည်းများနှင့်ကိုညီသော အံဆွဲ၊ အကန့်များကို အသုံးပြု၍ ထည့်သွင်းခြင်း၊ ပြန်လည်းရယူခြင်းများကို အလွယ်တကူလုပ်နိုင်မည်ဖြစ်သကဲ့သို့ ဖြစ်မည်။
Data structure ၏ အဓိကကျသော အချက်များမှာ
Type - data structure အမျိုးအစားများစွာရှိပြီး အသီးသီးတွင် အားသာချက်၊ အားနည်းချက်များ ရှိကြသည်။
Efficiency - မိမိအသုံးပြုမည် အပေါ်မူတည်ပြီး ကိုက်ညီသည့် data structure ကို ရွေးချယ်နိုင်ခြင်းသည် အရေးကြီးပြီး မိမိ program ကိုလည်းအကျိုးရှိစေသည်။
Abstraction - data structure သည် memory ကို စီမံရသည့် ရှုပ်ထွေးမှုများကို ကင်းဝေးအောင်ကူညီပေးသောကြောင့် programmer များသည် သူတို့၏ programming logic ကိုသာ အာရုံစိုက်ရန်လိုတော့သည်။
Data structure ကို နားလည်းခြင်းသည်လည်း programmer များလိုအပ်သော အခြေခံ အရည်အချင်းများထဲမှ တစ်ခုဖြစ်သည်။ သို့မှသာ အကောင်းမွန်ဆုံသော program များကိုတည်ဆောက်နိုင်ပြီး software development ၏ အရေးကြီးအခန်းကဏ္ဍတွင် ပါဝင်နိုင်မည်ဖြစ်သည်။