
Domain ဆိုသည်မှာ ဝက်ဆိုက်တစ်ခု (သို့) အွန်လိုင်းအရင်းအမြစ်တစ်ခု၏ အတူမရှိသော အမည်တစ်ခုဖြစ်သည်။ ဝက်ဆိုက်တစ်ခုအတွက် web hosting တစ်ခုတည်ဆောက်လိုက်သည့်အခါ ၎င်းအတွက် စနစ်တစ်ခုဖြင့်သတ်မှတ်ထားသော ဂဏန်းများဖြင့်ဖော်ပြထားသော လိပ်စာ (ip address) တစ်ခုရရှိလာသည်။ ip address သည် ၎င်းပေါ်တွင် တင်ထားသော ဝက်ဆိုက်ကိုညွှန်ပြပေးသော လိပ်စာဖြစ်သည်။ သို့သော် ဂဏန်းများဖြင့် ဖော်ပြထားသော လိပ်စာသည် အသုံးပြုသူတို့အတွက် မှတ်မိနေစေရန် ခက်ခဲသည်။ ထို့ကြောင့် domain ကို အသုံးပြုခြင်းဖြင့် အသုံးပြုသူများအတွက်လွယ်ကူစေသည့်အပြင် ရှာဖွေရန်အတွက်လည်းလွယ်ကူစေသည်။
အနီစပ်ဆုံသော ဥပမာ ဆိုရလျှင် ဖုန်းရှိအမည်စာရင်းဖြစ်သည်။ ဖုန်းအမည်စာရင်းတွင် ဖုန်းနံပါတ်များနှင့် လူပုဂ္ဂိုလ် အမည်များကို တွဲ၍မှတ်သားထားလိုက်သည့်အခါ အသုံးပြုသူများအတွက် ဖုန်းနံပါတ်များကို တိုက်ရိုက်မှတ်သားရခြင်းထက် လူပုဂ္ဂိုလ်အမည်များဖြင့်မှတ်သားရခြင်းမှာပိုမိုလွယ်ကူသကဲ့သို့ဖြစ်သည်။
Domain တစ်ခုတွင် အဓီက ပါဝင်သည့် အရာများမှာ
Domain name (ဝက်ဆိုက်အမည်) သည် အရေးပါဆုံးအပိုင်းဖြစ်သည်။ “.” သင်္ကေတကို အသုံးပြုပြီး နှစ်ခုထက်ပိုသော အမည်များကို ခွဲခြားသည်။ ဥပမာ “www.digitalduty.org” တွင် “digitalduty” သည် domain name ဖြစ်သည်။
Top-Level Domain (TLD) ( domain အမျိုးအစားသတ်မှတ်ချက်)
Domain ၏နောက်ဆုံးအပိုင်းဖြစ်ပြီး ၎င်း၏ အမျိုးအစား (သို့) ရည်ရွယ်ချက်ကို ညွှန်ပြသည်။ အသုံးများသော TLDs များမှာ .com (commercial), .org (organization), .net (networks), .edu (educational institutions), .gov (government) အပြင်အခြားများစွာသော TDLs များလည်းရှိသေးသည်။
Domains တွေသည် ဝက်ဆိုက်များအား မိုမိုမှတ်မိလွယ်စေခြင်းဖြင့် အင်တာနက်နှင့် အသုံးပြုသူတို့အကြားတွင် ပိုမိုအဆင်ပြေစေသည်။