
Domain extension ဆိုသည်မှာ ဝက်ဆိုက်လိပ်စာ၏နောက်ဆုံးအပိုင်းဖြစ်ပြီး “.” ရဲ့နောက်မှာလိုက်သည်။ ၎င်းကို top-level domain (TLD) ဟူ၍လည်းခေါ်ဆိုသေးသည်။ domain extension သည် ဝက်ဆိုက်အမျိုးအစား၊ ရယူနိုင်သည့် အချက်အလက်များ၊ တည်နေရာ စသည်တို့ကို ခွဲခြားသိနိုင်ရန်ကူညီသည်။
ဥပမာ “www.digitalduty.org” တွင် “.org” သည် domain extension ဖြစ်သည်။
အသုံးများသော domain extensions များမှာ
ယေဘူယျ TLD (Generic TLDs (gTLDs)) သည် အသုံးပြုသူတိုင်းအတွက်ရည်ရွယ်သည်။
ဥပမာ “.com” (commercial), “.org” (organizations), .net (networks)
နိုင်ငံကုဒ် TLD (Country code TLDs (ccTLDs)) သည် သက်ဆိုင်ရာနိုင်ငံ (သို့) နယ်မြေများ ကို ကိုယ်စားပြုသည်။
ဥပမာ “.us” (United States), “.jp” (Japan), “.mm” (Myanmar)
စပွန်ဆာ TLDs ( Sponsored TLDs (sTLDs) သည် သက်ဆိုင်ရာ အသိုင်းအဝိုင် (သို့) အဖွဲ့အစည်း များကို ကိုယ်စားပြုသည်။
ဥပမာ “.edu” (education institutions), “.gov” (government agencies), .mil (US military)
ဝက်ဆိုက်တစ်ခု၏ ရည်ရွယ်ချက်နှင့် အသုံးပြုမည့်သူများကို စဉ်းစားခြင်းဖြင့်လည်းကောင်း၊ ကုန်ကျစရိတ်နှင့် ရရှိနိုင်သော TLDs များကိုရွေးချယ်ခြင်းဖြင့်လည်းကောင်း၊ လုပ်ငန်းအမှတ်တံဆိပ်နှင့် ကိုက်ညီသော (သို့) ထင်ပေါ်စေမည်ဖြစ်သော TLD ကိုရွေးချယ်ခြင်းဖြစ်လည်းကောင်း domain extensions များကို ရွေးချယ်နိုင်သည်။