ကွန်ပျူတာကအလုပ်တစ်ခုကို ဘယ်လိုဆောင်ရွက်လဲ

ကွန်ပျူတာတစ်လုံးသည် အလုပ်တစ်ခုလုပ်သောအခါတွင် ၄င်းတွင်ပါဝင်သော ဟာဒ်ဝဲ (hardware)၊ ဆော့ဖ်ဝဲ (software) တွေ အချင်းချင်းချိပ်ဆက်လျှက် သက်ဆိုင်ကဏ္ဍအသီးသီးတွင်ပါဝင်ပြီး တစ်ပြိုင်နက် ပူပေါင်းလုပ်ဆောင်ကြသည်။ ကွန်ပျူတာတစ်လုံး၏ အလုပ်လုပ်ဆောင်မှုကို ခွဲခြမ်းစိတ်ဖြာကြည့်လျှင်

အချက်အလက်ထည့်သွင်းကိရိယာ (input device) များမှ တဆင့်ရရှိလာသော အသုံးပြုသူ၏စေခိုင်းမှု (သို့) အချက်အလက်များသည် အလုပ်တစ်ခု၏စမှတ်ဖြစ်သည်။ ၄င်းညွှန်ကြားချက်များကို ကွန်ပျူတာနားလည်သော ဒစ်ဂျတ်တယ် အချက်အလက် (digital signal) အဖြစ်သို့ပြောင်းသည်။

ကွန်ပျူတာပင်မစနစ် (Operating System OS) သည် ရရှိလာသော အသုံးပြုသူ၏ စေခိုင်းချက်ကိုကြည့်ပြီး စေခိုင်းချက်နဲ့ အသင့်အတော်ဆုံးဖြစ်မည့် ကွန်ပျူတာတွင်ထည့်သွင်းထားသော ပရိုဂရမ် (programm) (သို့) အက်ပလီကေးချင် (application) နှင့် လိုအပ်သော အချက်အလက်များကို‌ ဟာ့ဒ်ဒစ်ဒရိုက် ( hard disk drive HDD) နှင့် ဆိုးလစ်စတိတ်ဒစ်ဒရိုက် (solid-state drive SSD) မှာ ရွေးချယ်ပေးသည်။ ထိုနောက် ရွေးချယ်ထားသော ပရိုဂရမ် (programm) (သို့) အက်မလီကေးချင် (application) နှင့် လိုအပ်သော အချက်အလက်များကို ကွန်ပျူတာ မန်မိုရီဟုခေါ်သော (random access memory RAM) ပေါ်သို့ စေခိုင်းမှုအတွက် အလုပ်လုပ်ပေးရန်ထားပေးသည်။

ကွန်ပျူတာ၏ဦးနှောက်ဟုခေါ်သော (central processing unit CPU) သည် အသုံးပြုသူ၏စေခိုင်းမှုအတွက် အလုပ်လုပ်ဆောင်မှု၏ ဗဟိုဖြစ်သည်။ ၄င်းသည် ကွန်ပျူတာ မန်မိုရီ (random access memory RAM) ပေါ်တွင်ရောက်ရှိနေသော ပရိုဂရမ် (programm) (သို့) အက်ပလီကေးချင် (application) များမှ ညွှန်ကြားချက်များကို ရယူပြီး သေငယ်၍ စီမံရန်လွယ်ကူသောအဆင့်အဖြစ်သို့ ခွဲခြမ်းသည်။

စီပီယူ (CPU) ရဲ့ လုပ်သားဖြစ်တဲ့ (arithmetic and logic unit ALU) သည် ကွန်ပျူတာ မန်မိုရီ (random access memory RAM) ပေါ်တွင်ရောက်ရှိနေသော ပရိုဂရမ် (programm) (သို့) အက်ပလီကေးချင် (application) များမှ ညွှန်ကြားချက်များပေါ်မူတည်ပြီး လိုအပ်သော တွက်ချက်လုပ်ဆောင်မှုများကို လုပ်ဆောင်သည်။

လိုအပ်သောတွက်ချက်လုပ်ဆောင်မှုများပြီးစီးသည့်အခါ ရလဒ်ထုတ်ပြသော ကိရိယာ (output device) များသည် စီပီယူ (CPU) ပေးပို့လာသော ရလဒ်များကို လူသားများဖတ်ရှု့နားလည်နိုင်သော ပုံစံအဖြစ်ပြောင်းလဲပြီး ထုတ်ပြသည်။

အသုံးပြုသူအနေဖြင့် လက်ရှိလုပ်နေသောလုပ်ငန်းအတွက် ထပ်မံလိုအပ်သော အချက်အလက် (သို့) ညွှန်ကြားချက်များ ထည့်သွင်းသောအခါတွင်လည်း အထက်တွင်ဖော်ပြခဲ့သော လုပ်ဆောင်ပုံအတိုင်း အထပ်ထပ်လုပ်ဆောင်သည်။