HTTP request

HTTP သည် ဝက်နည်းပညာ ဆက်သွယ်ရေး၏ အခြေခံဖြစ်သည်။ ၎င်းသည် web client ဖြစ်သည့် browser များနှင့် web server များအကြား အချက်အလက်များကို မည်သို့မည်ပုံ လဲလှယ်ပို့ဆောင်ရမည်ကို ထိမ်းချုပ်ပေးသော စည်းမျဉ်းတစ်ခုဖြစ်သည်။

HTTP request တစ်ခုဆိုသည်မှာ လုပ်စေလိုသော လုပ်ငန်းတစ်ခု လုပ်ဆောင်စေရန် (သို့) သိလိုသော အချက်အလက်တစ်ခု ရရှိစေရန် client တစ်ခုမှ server တစ်ခုသို့ ပို့လွတ်သော စာတစ်စောင်ဖြစ်သည်။

HTTP request တစ်ခုတွင် မပါမဖြစ်ပါဝင်ကြသည်များမှာ

Request Line - ၎င်းတွင် HTTP method (eg. GET, POST, PUT, DELETE)၊ တောင်းဆိုလိုသည့် အရင်းအဖြစ်၏လမ်းကြောင်းနှင့် HTTP version တို့ပါဝင်သည်။ ဥပမာ - “GET /index.html HTTP/1.1” ဖြစ်သည်။

Headers - ၎င်းတွင် HTTP request အတွက်အခြားလိုအပ်သော အချက်အလက်များပါဝင်သည်။ ဥပမာ - Acceptable contact types၊ Browser type၊ User’s language နှင့် Authentication credentials တို့ပါဝင်သည်။

Message Body - ၎င်းသည် HTTP request တိုင်းတွင်ပါဝင်ခြင်းမရှိပဲ server သို့ အချက်အလက်များ ပေးပို့သည့် HTTP request များတွင်သာပါဝင်သည်။ ဥပမာ - form data၊ file uploads တို့ဖြစ်သည်။