
HTTP response ဆိုသည်မှာ server တစ်ခုမှ client တစ်ယောက်ဆီသို့ ပို့လွှတ်သော တုန့်ပြန်မှုတစ်ခုဖြစ်သည်။ ၎င်း၏ရည်ရွယ်ချက်မှာ client က တောင်ဆိုထားသော အရင်းအမြစ်များကို ပေးရန် (သို့) client က တောင်ဆိုထားသော လုပ်ဆောင်မှုကို လုပ်ဆောင်ပြီးစီးမှုကို တင်ပြရန် (သို့) client ၏တောင်းဆိုမှုပို ဆောင်ရွက်ရာတွင် အခက်အခဲ၊ လိုအပ်ချက်၊ အမှား စသည်တို့ကို သတင်းပေးရန် ဖြစ်သည်။
HTTP response တစ်ခုတွင်
၁. Status line
Status line သည် response ၏ ပထမဆုံး စာကြောင်းဖြစ်ပြီး ၎င်းတွင် ၁. server မှ အသုံးပြုထားသော HTTP သတ်မှတ်ချက်ကိုပြသော HTTP version number ၂. request ၏ရလဒ်ကို ပြသော ဂဏန်း ၃ လုံးပါသော status code ၃. status code ကို အကျဉ်းချုပ်ပြီး ဖတ်ရလွယ်အောင်ပြုလုပ်ထားသော status text ဟုခေါ်သော reason phase စသည်တို့ပါဝင်သည်။
HTTP/1.1 200 OK
အထက်ဖော်ပြပါဥပမာတွင် HTTP/1.1 သည် HTTP version ဖြစ်သည်။ 200 သည် status code ဖြစ်သည်။ OK သည် reason phrase ဖြစ်သည်။
၂. Headers
server တစ်ခုပြန်လာသော HTTP response ၏ headers ထဲတွင် client အတွက် အသုံးချနိုင်သည့် metadata အချက်အလက်များပါဝင်သည်။ ၎င်းအချက်အလက်များ၏အကူအညီဖြင့် client သည် အသုံးပြုသူထံ response ကို တင်ပြသည်။
၃. Body
အောင်မြင်တဲ့ HTTP request တစ်ခု၏ HTTP response ၏ message body တွင် client မှတောင်ဆိုထားသော အရင်အမြစ်များပါဝင်မည်ဖြစ်သည်။ အမှားအယွင်းတစ်စုံတစ်ရာရှိသော HTTP request တစ်ခုအတွက် HTTP response ၏ message body တွင် အမှားအယွင်းဖြစ်ပေါ်ရသည့်အကြောင်းအရင်း (သို့) client မှ ပြီးပြည့်စုံအောင်လုပ်ဆောင်ပေးရန်ကျန်ရှိနေသည်များ ပါဝင်နေမည်ဖြစ်သည်။