
Input device တစ်ခုသည် hardware ကိရိယာတစ်ခုဖြစ်သည်။ ၎င်းကိုအသုံးပြုပြီး အသုံးပြုသူအနေဖြင့် ဒေတာအချက်အလက်နှင့် ညွှန်ကြားချက်များကို ကွန်ပျူတာသို့ထည့်သွင်းနိုင်သည်။
Input devices များသည် အသုံးပြုသူနှင့် ကွန်ပျူတာ အပြန်အလှန်ဆက်သွယ်မှုအတွက် မရှိမဖြစ်ဖြစ်သည်။ ၎င်းအပြန်အလှန်ဆက်သွယ်မှုကို အသုံးပြုပြီး အသုံးပြုသူသည် ကွန်ပျူတာကို ထိန်းချုပ်ဆက်သွယ်နိုင်သည်။
Input devices အမျိုးအစားများစွာရှိပြီး တစ်ခုချင်းစီတွင် သီးခြားလုပ်ဆောင်ချက် ရှိသည်။ အသုံးအများဆုံး input devices များမှာ
ကီးဘုတ် (keyboard) - ကီးဘုတ်ကို အသုံးပြုပြီး အသုံးပြုသူမှ စားသား၊ ဂဏန်းများနှင့် သင်္ကေတများကို ရိုက်ထည့်နိုင်သည်။
မောက်စ် (mouse) - မောက်စ်သည် ညွှန်ပြရေးကိရိယာဖြစ်ပြီး သုံးပြုသူများသည် ကာဆာ(cursor)ကို ကွန်ပျူတာမျက်နှာပြင်နေရာအနှံသို့ ရွေ့ခြင်း၊ ကာဆာ(cursor)ကို အသုံးပြု အရာဝတ္တုများကို ရွေ့ရန် ၊ ဆော့ဖ်ဝဲ (software) ၊ အက်ပလီကေးချင်း (application) ကို နှိပ်ပြီးဖွင့်ရန် အသုံးပြုနိုင်သည်။
တက်ချ်ပတ် (touchpad) - touchpad သည် ထိတွေ့ရွေ့လျားမှုကို အာရုံခံ အလုပ်လုပ်သော မျက်နှာပြင်တစ်ခုဖြစ်သည်။ ၎င်းသည် mouse တစ်ခု၏ လုပ်ဆောင်မှုကဲ့သို့သောလုပ်ဆောင်မှုများကို အသုံးပြုသူ၏ လက်ချောင်များ၏ရွေ့လျားမှုကို အာရုံခံလုပ်ဆောင်နိုင်သည်။
ဂျွိုင်းစတစ် (joystick) - joinstick ကို ရွေ့လျားမှုကို အသားပေးထိန်းချုပ်ရသော အက်ပလီကေးချင် (application) များ၊ ဂိမ်းများတွင် မောင်းနှင်တံအဖြစ်အသုံးပြုသည်။
မိုက်ခရိုဖုန်း (microphone) - microphone သည် အသံလှိုင်းများကို ကွန်ပျူတာနားလည်သော လျှပ်စစ်အချက်ပြစနစ် (electrical signals) ဖြစ်ပြောင်းပေးသည့် ကိရိယာဖြစ်သည်။
စကန်နာ (scanner) - scanner တစ်လုံးသည် hard copy ဓါတ်ပုံ၊ စာရွက် စသည်များကို digital ဖိုင် soft copy အဖြစ်ပြောင်းလဲပေးသည့် ကိရိယာဖြစ်သည်။
ဝက်ဘ်ခန်မ် (webcam) - webcam သည် အချိန်နှင့်တပြေးညီ ပုံရိုက်ခြင်း၊ ရုပ်ရှင်ရိုက်ကူခြင်း များပြုလုပ်ပေးနိုင်သော ကင်မရာတစ်လုံးဖြစ်သည်။ ၎င်းကို တိုက်ရိုက်ထုတ်လွှင့်ခြင်းများ၊ အွန်လိုင်းအစည်းအဝေးများတွင်အသုံးများသည်။
ကွန်ပျူတာတွင်ထည့်သွင်းထားသော မျိုးမျိုးသော software များစွာသည် Input devices များကို အသုံးပြုပြီး အသုံးပြုသူထံမှ ဒေတာအချက်အလက်၊ ညွှန်ကြားချက်များကို လက်ခံရယူကြသည်။