ပရိုဂရမ်းမင်းကုတ် (programming code or source code) ရေးသားရန်သုံးသော ဆော့ဖ်ဝဲ (software) (Integrated Development Environment IDE)

ကွန်ပျူတာအသုံးချနယ်ပယ်တွေမှာ သက်ဆိုင်လုပ်ငန်းအတွက် ရည်ရွယ်ဖန်တီးတည်ဆောက်ထားသော ဆော့ဖ်ဝဲ (software) များကို အမှားကင်းကင်းဖြင့် အလုပ် အောင်မြင်ပြီးမြောက်ရန်အသုံးပြုသလို ကွန်ပျူတာနည်းပညာဖန်တီးမှုနယ်ပယ်တွင်လည်း ဆော့ဖ်ဝဲ (software) များဖန်တီးရန်အတွက် ပရိုဂရမ်းမင်းကုတ် (programming code or source code) များရေးသားရာတွင် လိုအပ်သောကိရိယာအစုံကို စုစည်းထားသော ဆော့ဖ်ဝဲ (software) Integrated Development Environment IDE များကို အသုံးပြုသည်။ 

အိုင်ဒီအီး (IDE) များတွင် ပုံမှန်အားဖြင့် ကုတ်ရေးရန်နေရာ (code editor)၊ ကြာခံကုတ်ထုတ်လုပ်ပေးသောဆော့ဖ်ဝဲ (compiler)၊ ကုတ်အမှားရှာစစ်ဆေးသောဆော့ဖ်ဝဲ (debugger) စသည်များပါဝင်သည်အပြင် အသုံးပြုသော ဆော့ဖ်ဝဲဖန်တီးရေးသားသူ (developer) မှ ဖန်းတီးရေးသားခြင်း (development) အတွက်လိုအပ်သော ဆော့ဖ်ဝဲ (software) များကိုလည်းထပ်မံဖြည့်သွင်းနိုင်သည်။

အိုင်ဒီအီး (IDE) တွေကို အသုံးပြုသော ဆော့ဖ်ဝဲဖန်တီးရေးသားသူ(developer)တွေ ရေးသားဖန်တီးရာတွင် လိုအပ်သည်များကို လွယ်ကူလျှင်မြန်စွာ အလိုအလျှောက်အကူအညီ အထောက်အပံ့ရနိုင်ရန် စီစဉ်ဖန်တီးထားသည်။

အိုင်ဒီအီး (IDE) များကို အသုံးပြုရေးသားခြင်းဖြင့် ဆော့ဖ်ဝဲဖန်တီးရေးသားသူ (developer) များသည် ရေးသားထားကုတ် (source code) အမျိုးအစားအလိုက် အရောင်ခြယ်ပြသပေးခြင်းနှင့် အစစာလုံးရေးလျှင်ပင် ဖြစ်နိုင်သော ကုတ် (source code) များကို အလိုအလျှောက်ဖော်ပြထောက်ပံ့ပေးခြင်း ရေးသားထားသောကုတ် (source code) များကို စနစ်တကျ စီပေးခြင်း ကုတ်အမှားရှာစစ်ဆေးပေးသော ဆော့ဖ်ဝဲ (debugger) ကို အသုံးပြု၍ အမှားဖော်ပြပေးခြင်းနှင့် ပြင်ဆင်ပေးခြင်းများအပြင် ထည့်သွင်းအသုံးပြုသော ဆော့ဖ်ဝဲ (software) များအပေါ်မူတည်ပြီး ဖန်းတီးရေးသားခြင်းအမှုတွင်များစွာသော အဆင်ပြေလွယ်ကူမှုများရရှိနိုင်သည်။

အမျိုးမျိုးသော အက်ပလီကေးချင်း (application) များဖန်တီးရေးသားခြင်းများအတွက် လိုက်ဖက်သင့်တော်သော အိုင်ဒီအီး (IDE) များကို ရွေးချယ်အသုံးပြုနိုင်သည်။

အိုင်ဒီအီး (IDE) များတွင် Visual Studio, IntelliJ IDEA, Eclipse, NetBeans စသည်တို့မှာ အသုံးများသည်။