
အင်တာနက်ဆိုသည်မှာ Standard Internet Protocol Suit (TCP/IP) ချိတ်ဆက်မှုကွန်ယက်နည်းပညာကို အသုံးပြု၍ ကမ္ဘာအဝန်းရှိ ကွန်ပျူတာနည်းပညာအခြေခံထားသော ပစ္စည်းများကို ချိတ်ဆက်ထားသော ကြီးမားကျယ်ပြန့်သော ဧရာမကွန်ယက်ကြီးတစ်ခုဖြစ်သည်။ ၎င်းသည် အင်တာနက်ချိတ်ဆက်ပေးနိုင်သောဝါယာကြိုးများ၊ ဂြိုလ်တုများ၊ ကြိုးမဲ့နည်းပညာများဖြင့် ဖွဲ့စည်းထားသည့် ရှုပ်ထွေးသော ကွန်ယက်တစ်ခုဖြစ်ပြီး ကွန်ပျူတာနည်းပညာသုံးပစ္စည်းများနှင့် ကွန်ယက်များကြားတွင် ဆက်သွယ်ရေးနှင့် အချက်အလက်များ မျှဝေနိုင်စေသည်။
အချက်အလက်များကို တစ်နေရာမှတစ်နေရာသို့ လွတ်လပ်စွာ သွားလာခွင့်ပြုထားသည့် အပြန်အလှန်ချိတ်ဆက်ထားသော လမ်းများ၊ လမ်းမကြီးများ ပါဝင်သော ဧရာမကွန်ယက်ကြီးတစ်ခုအဖြစ် မှတ်ယူနိုင်သည်။ လက်တွေ့လောကသဘာဝနှင့် နှိုင်းယှဉ်ပြရလျှင် မြို့တစ်မြို့မှ အခြားသောမြို့တစ်မြို့သို့ လမ်းမကြီးမှသွားနိုင်သကဲ့သို့ အချက်အလက်များသည်လည်း ကမ္ဘာတဝှမ်းရှိ မည့်သည့်နေရာသို့မဆို အင်တာနက်မှတဆင့်သွားလာနိုင်သည်။
အင်တာနက်၏လက္ခဏာများ
Global (အဆုံးမရှိကျယ်ပြန့်ခြင်း) - အင်တာနက်ကို ပထဝီမြေမျက်နှာပြင်အနေအထား အကွားအဝေများဖြင့် ကန့်သတ်ခြင်းအမှုမပြုလုပ်နိုင်ပါ။ ကမ္ဘာနေရာအသီးသီးရှိ တိုက်ကြီးများ၊ နိုင်ငံများ၊ ဝေးလံခေါင်သီသောနေရာများတွင် နေထိုင်သောလူများနှင့် ကွန်ပျူတာနည်းပညာအသုံးပြုထားသော ပစ္စည်းများကို ချိတ်ဆက်ပေးသည်။
Decentralized (ဗဟိုထိမ်းချုပ်မှုလျော့ကျခြင်း) - အင်တာနက်ချိတ်ဆက်မှုတွင် ဗဟိုထိမ်းချုပ်မှုမရှိပဲ သီးခြားစီဖြစ်သော လွတ်လတ်သော ကွန်ယက်များ ပူပေါင်းချိတ်ဆက်ထားသည်။
Open (ပွင့်လင်းလွတ်လပ်ခြင်း) - အင်တာနက်ကို ချိတ်ဆက်နိုင်သော မည့်သည့်ပစ္စည်းမဆို ချိတ်ဆက်နိုင်သည်။ ထိုသို့ပွင့်လင်းလွတ်လပ်ခြင်းသည် နည်းပညာပိုင်းဆန်းသစ်တီထွင်မှုနှင့် အပလီကေးရှင်းများ ဖန်းတီးတည်ဆောက်ခြင်းအတွက် အထောက်အကူဖြစ်စေသည်။
Dynamic (အမြဲပြောင်းလဲနေခြင်း) - အင်တာနက်သည် အဆက်မပြတ်ပြောင်းလဲနေသည်။ အချိန်နှင့်အမျှတိုးတက်လာနေသော နည်းပညာများနှင့်အပလီကေးရှင်းများသည် အင်တာနက်ကို အမြဲပြောင်းလဲနေသော ပတ်ဝန်းကျင်တစ်ခုဖြစ်လာစေသည်။
အင်တာနက်သည် ကျွန်ုပ်တို့၏ကမ္ဘာကြီးကို ပြောင်းလဲစေသည့် အစွမ်းထက်သော ကိရိယာတစ်ခုဖြစ်သည်။ ၎င်းသည် အချက်အလက်များကို ပိုမိုလက်လှမ်းမီနိုင်ခြင်း၊ ဆက်သွယ်ရေးကိုပိုမိုလွယ်ကူစေပြီး ပူပေါင်းဆောင်ရွက်ခြင်းများကို ပိုမိုထိရောက်စေပါသည်။ အင်တာနက် တိုးတက်ပြောင်းလဲလာသည်နှင့်အမျှ နောင်လာမည့်နှစ်များအတွင်း ကျွန်ုပ်တို့၏ဘဝများအပေါ် ပို၍ကြီးမားသော အကျိုးသက်ရောက်မှုရှိမည်မှာ သေချာပါသည်။