အွန်လိုင်းလိပ်စာ (IP address)

Internet Protocol address ကို အတိုကောက်အနေဖြင့် IP address ဟုခေါ်သည်။ အင်တာနက်ပေါ်တွင်ရှိသော ချိပ်ဆက်ထားသော ပစ္စည်းတစ်ခုချင်းစီတိုင်းတွင် သီးခြား IP address တစ်ခုစီရှိကြသည်။ ၎င်း IP address သည် သက်ဆိုင်ရာ ပစ္စည်း၏လိပ်စာဖြစ်သည်။ IP address သည် စနစ်တစ်ခုဖြင့်သတ်မှတ်ထားသော နံပါတ်အစုဖြစ်ပြီး ကွန်ပျူတာများနှင့် ကွန်ယက်များကို အချင်းချင်း ရှာဖွေခြင်း၊ ချိတ်ဆက်ခြင်းများတွင် ကူညီပေးသည်။

IP address များရဲ့လုပ်ဆောင်ချက်များမှာ

လက်တွေ့လောကတွင် လိပ်စာများသည် အိမ်များကို သတ်မှတ်ညွှန်ပြပေးသကဲ့သို့ IP address သည်လည်း အင်တာနက်ကွန်ယက်တွင်ချိတ်ဆက်ထားသော ပစ္စည်းများကို သတ်မှတ်ညွှန်ပြပေးသည်။

မေးလ်ပို့ခြင်း၊ ဝက်ဆိုက်အသုံးပြုခြင်းများ ပြုလုပ်သောအခါတွင်လည်း IP address သည် ဘယ်နေရာသို့ပို့ရမည်၊ ဘယ်နေရာမှရယူရမည်ကို ကွန်ယက်သို့ပြောပေးသည်။

IP address အမျိုးအစားများ

IPv4 - အသုံးအများဆုံးသော အမျိုးအစားဖြစ်သည်။ ၎င်းကို “.” ဖြင့်ခွဲခြားထားသော နံပါတ်အစု (၄) စုပါဝင်သည်။ ဥပမာ 192.168.1.1 ပုံစံဖြစ်သည်။

IPv6 - ဗားချင်းအသစ်ဖြစ်သည်။ ၎င်းတွင် နံပါတ်များထက် စာသားများအသုံးပြုသည်။ ဥပမာ 2001:0db8:85a3:0000:0000:8a2e:0370:7334 ပုံစံဖြစ်သည်။

IP address နဲ့ပတ်သက်ပြီးသိထားရမည်များ

Dynamic IP address - အိမ်သုံးအင်တာနက် IP address များသည် dynamic IP address များဖြစ်သောကြောင့် အချိန်နှင့်အမျှပြောင်းလဲသည်။

Public IP address - ၎င်းအမျိုးအစားသည် အင်တာနက်ကွန်ယက်မှ တိုက်ရိုက်ရောက်ရှိနိုင်သည်။

Private IP address - ၎င်းအမျိုးအစားကို ကိုယ်ပိုင်ကွန်ယက်အတွင်းရှိ ပစ္စည်းတစ်ခုအတွက်သာဖြစ်သည်။

IP address များသည် အသုံးပြုသူ၏ တည်နေရာနှင့်ပက်သက်သော ယေဘုယျအချက်အလက်များကို ဖော်ပြပေးနိုင်သည်။

မိမိ၏လက်ရှိ IP address ကို “what is my IP address” ဟု Google တွင်ရိုက်ထည့်ပြီး ရှာဖွေနိုင်သည်။