Key-Value

Key-value တစ်စုံသည် computer programming များတွင် အခြေခံတစ်ခု ဖြစ်သည်။ ၎င်းအစုံတစ်စုအစုံတစ်စုံတွင် အတူမရှိသော သတ်မှတ်ချက်တစ်ခု (key) နှင့် ၎င်းနှင့်သက်ဆိုက်သော တန်ဖိုးတစ်ခု (value) တစ်ခုပါဝင်သည်။

အမျိုးမျိုးသော အကြောင်းအရာ၊ အချက်လက်များကို စုစည်းရန် နှင် စီမံရန်အတွက် key-value အစုံများကို အကျိုးရှိရှိအသုံးပြုနိုင်သည်။

တွင် key-value ကို အသုံးပြုပုံများ

၁. Key-Value Pair as Data Structure - dictionary အလုပ်လုပ်ပုံမျိုးကို maps၊ arrays၊ hash table ကဲ့သို့သော collection များတွင်အသုံးပြုသည်။ key-value သည် collection များတွင် အချက်အလက်များ အထည့်အထုတ် အတွက်အကျိုးရှိသည်။ key သည် အတူမရှိသော သတ်မှတ်ချက်တစ်ခုဖြစ်ပြီး value တွင် အမျိုးမျိုးသော အချက်အလက်များဖြစ်နိုင်သည့်အပြင် တူနေလျှင်လည်း အဆင်ပြသည်။ ဥပမာ - $array = array(0 => 100, 1 => 200); သည် PHP array တွက် key-value အစုံများအသုံးပြုပုံဖြစ်သည်။

၂. Properties in Object-Oriented Programming - OOP တွင် object တွေ၏ attribute များကို key-value အစုံဖြင့်သိမ်းဆည်းသည်။ key-value များသည် OOP တွင် အချက်အလက်များ ရယူရန်နှင့် ပြင်ဆင်ရန် ကဲ့သို့သောလုပ်ငန်းများတွင် စနစ်ကျသော နည်းလမ်း‌ထောက်ပံပေးသည်။ ဥပမာ - person.name = "Bob"; person.age = 25; သည် JavaScript ၏ OOP တွင် key-value အစုံများ အသုံးပြုပုံဖြစ်သည်။

၃. Key-Value Pairs in Database - NoSQL database များတွင် အချက်အလက်များကို key-value collections များအနေဖြင့် သိမ်းဆည်းသည်။ key-value များသည် NoSQL database များတွင် ပြင်ဆင်ရလွယ်ကူခြင်း၊ အချက်အလက်များ ရယူရလွယ်ကူခြင်း စသည်များကိုထောက်ပံပေးသည်။

၄. HTTP Requests and Responses - key-value အစုံများကို HTTP header များနှင့် အချက်အလက်များရယူရန်အတွက် query strings များတွင်အသုံးပြုသည်။

key-value အစုံကို အထက်တွင်ဖော်ပြခဲ့သော နေရာများအပြင် အခြားသော အသုံးပြုပုံများဖြင့်လည်း programming တွင်အသုံးပြုသည်။