လက်တွေ့လုပ်ငန်းစဉ်နှင့် ကွန်ပျူတာလုပ်ငန်းစဉ် (Program and Computer Program)

ကွန်ပျူတာနယ်ပယ်အတွင်းလုပ်ကိုင်နေသူတိုင်း အရင်အနီးဆုံး စကားလုံး (သို့) စကားစုသည် ပရိုဂရမ် (program) ဖြစ်မည်ထင်သည်။ စကားလုံး (သို့) စကားစု တွေကိုအသုံးပြုခေါ်ဝေါ်ခြင်း (သို့) ရည်ညွှန်ပြောဆိုခြင်းများတွင် သက်ဆိုင်ရာနယ်ပယ်ပေါ်မူတည်ပြီး ဆိုလိုရင်းအဓိပ္ပာယ်ကွဲလွဲသည်။ 

နယ်ပယ်အသီးသီးအတွင် ပရိုဂရမ် (program) သည် လုပ်ငန်းတစ်ခုပြီးမြောက်ရန်အတွက် တစ်ဆင့်ပြီးတစ်ဆင့် လုပ်ဆောင်ရမည့် လုပ်ဆောင်ရာတွင်ပါဝင်သော လုပ်ငန်းအဆင့်ဆင့်အားလုံးကိုဆိုလိုသည်။

ကွန်ပျူတာနယ်ပယ်တွင် ပရိုဂရမ် (program) သည် ရည်ရွယ်ထားသော လုပ်ငန်းတစ်ခုကို အမှားအယွင်းမရှိ အောင်‌အောင်မြင်မြင်ဖြင့် ကွန်ပျူတာအားစေခိုင်းနိုင်ရန် ပရိုဂရမ်းမင်းဘာသာစကား (programming language) တစ်ခုကို အသုံးပြု ရေးသားထားသော ပရိုဂရမ်းမင်းကုဒ် (programming code) အစုအဝေးတစ်ခုဖြစ်သည်။ ပိုမိုတိကျစွာရည်ညွှန်းရမည်ဆိုရလျှင် ကွန်ပျူတာပရိုဂရမ် (computer program) ဖြစ်သော်လည်း လက်တွေ့ ကွန်ပျူတာနယ်ပယ်တွင် ပရိုဂရမ် (program) ဟုသာ အသုံးပြု ကြသည်။

ရည်ရွယ်‌ရေးသားသော လုပ်ငန်း (သို့) နယ်ပယ်ပေါ်မူတည်ပြီး အသုံးပြုသော ပရိုဂရမ်းမင်းဘာသာစကား (programming language) ၊ ရေးသားရာတွင် လိုက်နာသောစည်းမျဉ်း (model) များ ကွဲပြားသည်။ 

ထိုသို့ ကွဲပြားသော ပရိုဂရမ်းမင်းဘာသာစကား (programming language)၊ အသုံးပြုသော စည်းမျဉ်း (model) များသည် ရေးသားဖန်တီးသော ပရိုဂရမ် (program) ၏ လုံခြုံမှု၊ ပေါ့ပါးသွက်လက်မှု၊ စတိုက်ကျလှပမှု၊ ဖန်တီးရေးသားချိန်နှင့် ပြန်လည်ပြင်ဆင်ချိန် နည်းပါးမှု၊ အသင်းအဖွဲ့ဖြင့်ရေးသားရာတွင် အချိပ်အဆက်မိမှု၊ တစ်နေရာတွင်ရေးသားခဲ့ပြီးသော ပရိုဂရမ်းမင်းကုဒ် (programming code) ကို ၄င်း ပရိုဂရမ် (program) အတွင်း အခြားလိုအပ်သောနေရာများတွင်ပြန်လည်အသုံးပြုနိုင်မှုများ အပြင် ဖန်တီးရေးသားတွင် ဖန်တီးသူ၏ အတွေအကြုံရှိမှု၊ ကျွမ်းကျင်မှုပေါ်မူတည်၍ များစွားသော အကျိုးကျေးဇူးများရှိနိုင်သည်။

အနှစ်ချုပ်။ ။  ပရိုဂရမ် (program) သည် ရည်ရွယ်ထားသော လုပ်ငန်းတစ်ခုကို အမှားအယွင်းမရှိ အောင်‌အောင်မြင်မြင်ဖြင့် ကွန်ပျူတာအားစေခိုင်းရန် ပရိုဂရမ်းမင်းဘာသာစကားတစ်ခုကို အသုံးပြု ရေးသားထားသော ပရိုဂရမ်းမင်းကုဒ် အစုအဝေးတစ်ခုဖြစ်သည်။