RAM (Random Access Memory)

RAM (Random Access Memory) သည် ကွန်ပျူတာ၏ ရေတို (သို့) ယာယီမှတ်ဉာဏ်ဖြစ်သည်။ ဆိုလိုသည်မှာ RAM သည် ကွန်ပျူတာ processor မှ လက်ရှိအသုံးပြုနေသော program၊ operating system၊ documents စသည်တွေကို လုပ်ဆောင်နေစဉ်အတွင်းသိမ်းထားပေးသည်။ ထို့ကြောင့် အသုံးပြုသူမှ ကွန်ပျူတာပိတ်လိုက်သည်ဖြစ်စေ၊ ပါဝါပျက်တောက်မှုကြောင့် ကွန်ပျူတာပိတ်သွားသည်ဖြစ်စေ RAM ပေါ်တွင် ရှိခဲ့သော အရာအားလုံးသည် ပျက်စီးသွားမည်ဖြစ်သည်။

RAM အမျိုးအစား (၂) မျိုးရှိပါသည်။ ၎င်းတို့မှာ Static RAM (SRAM) နှင့် Dynamic RAM (DRAM) တို့ဖြစ်သည်။

Static RAM (SRAM) သည် dynamic RAM (DRAM) ထက်ပိုမြန်သည်။ ပိုဈေးမြင့်သည်။ ၎င်းကို cache memory အတွက်အသုံးပြုသည်။ cache memory ဆိုသည်မှာ မြန်နှုန်းမြင့်မှတ်ဉာဏ်နည်ငယ်ဖြစ်ပြီး မကြာခဏ (သို့) အသုံးများသော အချက်အလက်များကို သိမ်းဆည်းရန် အသုံးပြုသော မှတ်ဉာဏ်အမျိုးအစားဖြစ်သည်။

Dynamic RAM (DRAM) သည် အသုံးများသော RAM အမျိုးအစားဖြစ်သည်။ ၎င်းသည် SRAM အောက်နှေးသည်။ ဈေးသက်သာသည်။ သိုသော်လည်း DRAM သည် အချက်အလက်အများအပြားကို သိမ်းဆည်းရန်အတွက် နေရာလွတ်အနည်းငယ်သာလိုသည်။ DRAM ကိုတော့ main memory အတွက်အသုံးပြုသည်။ main memory ဆိုသည်မှာ ကွန်ပျူတာ processor မှ လက်ရှိလုပ်ဆောင်နေသော program code၊ လက်ရှိလုပ်ဆောင်နေသောအလုပ်တွင် လိုအပ်သောအချက်အလက်များ၊ လက်ရှိလုပ်ဆောင်နေသော အလုပ်တွင်ပါဝင်လုပ်ဆောင်နေသော operating system code and data များကို သိမ်းဆည်းပေးသော မှတ်ဉာဏ်အမျိုးအစားဖြစ်သည်။

ကွန်ပျူတာတစ်လုံးတွင်ပါဝင်သော RAM အနည်းအများသည် ၎င်းကွန်ပျူတာ၏စွမ်းဆောင်ရည်အပေါ် အကျိုးသက်ရောက်မှုရှိသည်။ ဆိုလိုသည်မှာ RAM များလေလေ ကွန်ပျူတာ၏စွမ်းဆောင်ရည်သည် မြင့်မားမြန်ဆန်လာလေလေဖြစ်သည်။ သို့သော် RAM အရမ်းများလွန်းလျှင်တော့ ငွေကြေးအကုန်အကျများခြင်း၊ ပါဝါလိုအပ်ချက်များလာခြင်း စသော အခက်အခဲများဖြစ်လာနိုင်သည်။

RAM သည်ကွန်ပျူတာတိုင်းအတွက် မရှိမဖြစ်ဖြစ်ပြီး ကွန်ပျူတာတစ်လုံးကောင်းမွန်စွာ လည်ပတ်အလုပ်လုပ်နိုင်ရန်အတွက် လိုအပ်သောအချက်အလက်များကိုသိမ်းဆည်းပေးသည်။