
ပုဂ္ဂလိကလုပ်ငန်းတစ်ခု၏ လိုအပ်ချက်များအားလုံးပြည်စုံအောင်စွမ်းဆောင်ပေးနိုင်သည့် ဖန်တီးမှုတစ်ခုပြုလုပ်ရတော့မည်ဆိုလျှင်
လိုအပ်ချက်များ
==========
ဖန်တီးရမည့်လုပ်ငန်း၏လုပ်ဆောင်မှုများ၊ လိုအပ်ချက်များကိုအသေးစိတ်နားလည်သိရှိရန်လိုအပ်သည်။ ထို့အပြင် ဖန်တီးမည့်သူအနေဖြင့် မိမိသိရှိထားပြီးသားဖြစ်သော လုပ်ဆောင်မှုများ၊ လိုအပ်ချက်များအတိုင်းရေးသားဖန်တီးခြင်းထက် ၄င်းလုပ်ငန်းလုပ်ဆောင်နေသူ၏ လုပ်ငန်း လုပ်ဆောင်မှုများ၊ လိုအပ်ချက်များကို သေချာထပ်မံ မေးမြန်းပြီး မိမိသိရှိထားသည်များကိုလည်း တင်ပြ ညှိနှိုင်းဖြည့်စွက်ရေးသား သင့်သည်။ အကယ်၍ ယခုမှစတင်မည့်လုပ်ငန်းဖြစ်နေပါက မိမိသိရှိထားသည်များကို ချပြရှင်းလင်းဆွေးနွေးတိုင်ပင် ရေးသားသင့်သည်။
ရေးသားဖန်တီးရမည့် လုပ်ဆောင်မှုများ၊ လိုအပ်ချက်များကို သဘောတူညီမှုရရှိပြီးပါက လက်တွေ့ရေးသားဖန်တီးတွင်လိုအပ်သည့် လုပ်ငန်းအမှတ်တံဆိပ်၊ လုပ်ငန်းတည်နေရာလိပ်စာ၊ ဆက်သွယ်နိုင်မည့်နည်းလမ်းများ၊ ရောင်းချသော ကုန်ပစ္စည်း (သို့) တာဝန်ယူလုပ်ဆောင်ပေးသော ဝန်ဆောင်မှုများနှင့်ပက်သက်သော ရုပ်ပုံ၊ အချက်အလက်များ လိုအပ်သည်။
ဖန်တီးရာတွင် အသုံးပြုမည့် အရောင်၊ ဘာသာစကား၊ အပြင်အဆင် စသည် များအတွက် လုပ်ငန်းအပ်သူမှကြိုတင်စိတ်ကူထားသည်များရှိမရှိမေးမြန်းသင့်သည်။ မိမိအနေဖြင့်လည်း လုပ်ငန်းသဘောသဘာဝနှင့်ကိုက်ညီသည်များကိုလည်းထောက်ပြအကြံပြုသင့်သည်။
ခန့်မှန်းကုန်ကျစရိတ်ကိုလည်း ရေးသားဖန်တီးရာတွင် အသုံးပြုရမည့် နည်းပညာ၊ ကြာချိန်၊ အခြားသောထည့်သွင်းလုပ်ဆောင်ရသည်များ ကိုတွက်ချက်ပြောပြပေးသင့်သည်။
ဖန်တီးထားသည့်နမူနာကို မည့်သည့်အချိန်လောက်တွင် အစမ်းသုံးနိုင်မည်ဖြစ်ကြောင်းကိုလည်း ကြိုတင်ခန့်မှန်းပြောပေးသင့်သည်။
အရေးအကြီးဆုံးအချက်မှာ ရေးသားဖန်တီးရာတွင် အသုံးပြုမည့်နည်းပညာကိုရွေးချယ်ခြင်းဖြစ်သည်။