ဆာဗာ (server)

ကွန်ပျူတာနယ်ပယ်တွင် server ဆိုသည်မှာ client ဟုခေါ်သော အခြားသော ပရိုဂရမ် (သို့) ကွန်ပျူဆက်စပ်ပစ္စည်း များအတွက် ဝန်ဆောင်မှုပေးသော ပရိုဂရမ် (သို့) ကွန်ပျူတာဆက်စပ်ပစ္စည်းတစ်ခု ဖြစ်သည်။ server များသည် အသုံးပြုသူတို့အား ဝက်ဆိုက်များဝင်ရောက်ကြည့်ရှု့ရန်၊ အီမေးလ်များပေးပို့ခြင်းနှင့် ဗွီဒီယိုများကို တိုက်ရိုက်ကြည့်ရှု့နိုင်စေမည့် အခြေခံအဆောက်အဦးဖြစ်သော အင်တာနက် (internet) ၏ကျောရိုးဖြစ်သည်။

Server အမျိုးအစားများစွာရှိပြီး တစ်ခုချင်းစီတွင် ၎င်းတို့၏သီးခြားရည်ရွယ်ချက် ရှိသည်။ အသုံးများသော server အမျိုးအစားအချို့မှာ

ဝက်ဆာဗာ (web server) - web server များသည် ဝက်ပေ့ (web page) များကိုထိမ်းသိမ်းထားပြီး အသုံးပြုသူများ၏ ဘရောက်ဆာ (browser) များသို့ပို့ဆောင်ပေးသည်။

အီးမေးလ်ဆာဗာ (email server) - email server များသည် အီးမေးလ်စာများကို သိမ်းဆည်းပေးသည်။ ပေးပို့ပေးသည်။

ဖိုင်ဆာဗာ (file server) - file server များသည် ကွန်ယက်တစ်ခုပေါ် ရှိ အသုံးပြုသူများ၏ ဖိုင်းများကို သိမ်းဆည်းပေးသည်။ ဖြန့်ဝေပေးသည်။

ဒေတာဘေ့ဆာဗာ (database server) - database server များသည် ဒေတာဘေ့ (database) များကို သိမ်းဆည့်ပေးသည်။ စီမံပေးသည်။

အက်ပလီကေးချင်း ဆာဗာ (application server) - application server များသည် ကွန်ယက်တစ်ခုပေါ်ရှိ အသုံးပြုသူများအတွက် အက်ပလီကေးချင်းများကို အသုံးပြုနိုင်ရန် လုပ်ဆောင်ပေးသည်။

Server များသည် ပုံမှန်အားဖြင့် စွမ်းဆောင်ရည် တသမတ်တည်းဖြင့် အမြဲဖွင့်ထားနိုင်အောင် ဒီဇိုင်းပြုလုပ်ထားသည့် စွမ်းအားမြင့် ကွန်ပျူတာများဖြစ်ကြသည်။ ၎င်းတို့ကို server များအတွက်လိုအပ်သော ပါဝါ၊ အအေးပေးစနစ်နှင့် လုံခြုံရေးအတွက် အထူးဒီဇိုင်းထုတ်ထားသည့် အဆောက်အဦးများဖြစ်သည့် ဒေတာစင်တာများတွင် ထားလေ့ရှိသည်။

Server များသည် ခေတ်သစ်ကမ္ဘာ၏ မရှိမဖြစ် အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ၎င်းတို့သည် အသုံးပြုသူများအား သတင်းအချက်အလက်ရယူရန်၊ အချင်းချင်းဆက်သွယ်ရန်နှင့် အွန်လိုင်းတွင် စီးပွားရေးလုပ်ဆောင်နိုင်ရန် လုပ်ဆောင်ပေးသည်။ server များ မရှိပါက အင်တာနက် (internet) လည်းရှိတော့မည်မဟုတ်ပါ။