ဆော့ဖ်ဝဲ (software)

ကွန်ပျူတာကိုအသုံးပြုပြီး သုံးပြုသူလုပ်ချင်သောအလုပ် (သို့) သိလိုသောရလဒ် ရအောင် စွမ်းဆောင်ပေးနိုင်သော ပစ္စည်းကို ဆော့ဖ်ဝဲ (software) ဟုဆိုနိုင်သည်။ ဆော့ဖ်ဝဲ (software) တစ်ခုသည် ၄င်းကိုဖန်းတီးစဉ်ကတည်းက ရည်ရွယ်ထားသော လုပ်ငန်းတစ်ခုကိုသာ စွမ်းဆောင်နိုင်သည်။ လုပ်ဆောင်ရမည့်လုပ်ငန်းတွင် လိုအပ်သော လုပ်ငန်းလုပ်ဆောင်ပုံအဆင့်အဆင့်၊ အချက်အလက်၊ ချိပ်ဆက်လုပ်ဆောင်ရမည့် ဟာ့ဒ်ဝဲ (hardware) တွေကို ထိမ်းကျောင်းမည့် ပရိုဂရမ် (program)၊ အင်တာနက် (internet) ချိပ်ဆက်ရန်လိုအပ်လျှင်လည်း အင်တာနက် (internet) နည်းပညာ စသည်များသည် ဆော့ဖ်ဝဲ (software) တစ်ခုတွင်ပါဝင်သည်။

 

ကျွန်ပျူတာတစ်လုံးအသုံးဝင်ဖို့အတွက်သည် ဆော့ဖ်ဝဲ (software) သည်မရှိမဖြစ် ဖြစ်သည်။

 

ဆော့ဖ်ဝဲ (software) များကို ၄င်းကောင်းတို့၏လုပ်ဆောင်မှု (သို့) ရည်ရွယ်ဖန်တီးထားမှု ကိုမူတည်ပြီး အမျိုးအစားခွဲခြားနိုင်သည်။

ဥပမာ

ကွန်ပျူတာစနစ် ဆော့ဖ်ဝဲ (system software) များသည် ကွန်ပျူတာစနစ် (operating system) အတွက် လုပ်ဆောင်ရမည့်လုပ်ငန်းများ၊ ဟာ့ဝဲ (hardware) များကိုထိမ်းကျောင်းခြင်း များကိုလုပ်ဆောင်သည်။

ပုပ္ဂလိက ဆော့ဖ်ဝဲ (application software) များသည် ၄င်းတို့ကိုဖန်တီးစဉ်က ရည်ရွယ်ထားသောသီးသန့်သတ်မှတ်ထားသောလုပ်ငန်းများကိုသာ လုပ်ဆောင်သည်။

တီထွင်ဖန်တီးမှု ဆော့ဖ်ဝဲ (programming software) များကို ပုပ္ဂလိက ဆော့ဖ်ဝဲ  (application software) (သို့) စိတ်ကြိုက်အသုံးချနိုင်မည့် ဆော့ဖ်ဝဲ (software) အသစ်ဖန်တီးခြင်းတွင် အသုံးပြုသည်။

အသုံးချ ဆော့ဖ်ဝဲ (utility software) များကို ကွန်ပျူတာပြုပြင်ထိမ်းသိမ်းခြင်း လုပ်ငန်းများတွင် အသုံးပြုသည်။ ဥပမာတွင် ဖော်ပြခဲ့သည့်နည်းအတိုင်း ဆော့ဖ်ဝဲ (software) များကို အမျိုးအစားခွဲနိုင်သည်။