ကွန်ပျူတာ၏စတို Storage drive

Storage drive တစ်ခုသည် ဒေတာအချက်အလက်များကိုသိမ်းဆည်းပေးသော ကိရိယာတစ်ခုဖြစ်သည်။ storage drive ကို ကွန်ပျူတာတွင် secondary storage ဟုခေါ်သည်။ ဆိုလိုသည်က storage drive သည် ကွန်ပျူတာ လက်ရှိလုပ်‌‌ဆောင်နေသော လုပ်ငန်းလည်ပတ်နိုင်ရန်အတွက် မရှိမဖြစ်မဟုတ်လို့ပါ။ သို့သော်လည်း ၎င်းသည် ကွန်ပျူတာ processor မှ လက်ရှိတွင်မသုံးသေသော ‌ဒေတာအချက်အလက်များကို သိမ်းဆည်းပေးသည်။ ပုံမှန်အားဖြင့် storage drive ကို မှတ်တမ်းများ၊ သီချင်း (သို့) အသံဖိုင်များ၊ ဓါတ်ပုံများနှင့် ဗွီဒီယိုများကဲ့သို့သော ဖိုင်များ သိမ်းဆည်းရန်အတွက်အသုံးပြုသည်။

Storage drive (၂) မျိုးရှိသည်။ ၎င်းတို့မှာ hard disk drives (HDDs) နှင့် solid-state drives (SSDs) တို့ဖြစ်ကြသည်။

HDDs များသည် သမားရိုးကျ သိုလှောင်မှု drive အမျိုးအစားဖြစ်ပြီး ၎င်းတို့တွင် တစ်ခု (သို့) တစ်ခုထက်ပိုသော လည်ပတ်နေသော သံလိုက်ဓါတ်ဖြင့်သုတ်လိမ်းထားသော ဓါတ်ပြားများပါဝင်သည်။ 

‌ဒေတာအချက်အလက်များကို ၎င်းဓါတ်ပြားများပေါ်တွင် tracks and sectors ပုံစံဖြင့်သိမ်းဆည်းသည်။ HDDs များသည် ဈေးသက်သာသော်လည်း ၎င်းတို့၏လုပ်ဆောင်မှုများသည်နှေးကွေးပြီး ပြုတ်ကျလျှင်လည်း ပျက်စီးနိုင်သည်။

SSDs များသည် နည်းပညာအသစ်ကိုအသုံးပြုထားသော သိုလှောင်မှု drive ဖြစ်ပြီး flash memory ကို ဒေတာအချက်အလက်သိမ်းဆည်းရန်အသုံးပြုထားသည်။ flash memory သည် ပါဝါပိတ်ထားသည့်တိုင် ဒေတာများကို သိမ်းဆည်းနိုင်သော transistor အမျိုးအစားဖြစ်သည်။ SSDs များသည် HDDs များထက် လုပ်ဆောင်မှုမြန်ဆန်သည်။ ပိုဈေးကြီးသည်။

Storage drive တစ်လုံး၏ ဒေတာအချက်အလက် သိုလှောင်သိမ်းဆည်းနိုင်တဲ့ ပမာဏကို ဂစ်ဂါဘိုက် gigabytes (GB) (သို့) တာရာဘိုက် terabytes (TB) ဖြင့်တိုင်းတာသည်။ တစ် GB သည် တစ်ထောင် မိဂါဘိုက် (MB)၊ တစ် TB သည် တစ်ထောင် GB နှင့်ညီမျှသည်။

Storage drive တစ်လုံး၏ ဒေတာအချက်အလက် အရေး၊ အဖတ် မြန်ဆန်နှုန်းကို မီလီစက္ကန့် (ms) ဖြင့်တိုင်းတာသည်။ ms သည် တစ်စက္ကန့်၏ တစ်ထောင်ပုံတစ်ပုံနှင့် ညီမျှသော အချိန်ယူနစ်ဖြစ်ပါသည်။ 

ကြားခံတစ်ခုကို အသုံးပြုပြီး storage drive သည် ကွန်ပျူတာသို့ ချိတ်ဆက်သည်။ Serial ATA (SATA) သည် အသုံးအများဆုံးသော ကြားခံဖြစ်သည်။