ဒိုမိန်းအခွဲ (subdomain)

Subdomain ဆိုသည်မှာ မူရင်း domain ၏အစိတ်အပိုင်းတစ်ခုဖြစ်သည်။ မူရင်း domain သည် သစ်ပင်တစ်ပင်၏ပင်စည်ဖြစ်လျှင် subdomain သည် ၎င်းသစ်ပင်၏ အကိုင်းအခက်များဖြစ်သည်။ subdomain ကို မူရင်း domain ညွှန်ထားသော ဝက်ဆိုက်၏ မတူကွဲပြားသော ကဏ္ဍများ ထပ်မံထည့်ရန်အသုံးပြုနိုင်သည်။

ဥပမာ မူရင်း domain သည် “hostelyangon.com” ဆိုလျှင် “doc.hostelyangon.com” သည် subdomain ဖြစ်သည်။ ဖော်ပြပါဥပမာတွင် “doc.hostelyangon.com” သည် “hostelyangon.com” ၏ အသုံးပြုပုံများကို သီးခြားကဏ္ဍတစ်ခုဖြင့် ဖော်ပြသည်။

အသုံးများသော subdomain အသုံးပြုပုံများမှာ

အွန်လိုင်းကုန်စုံဆိုင် (online store) - ဝက်ဆိုက်အများစုသည် ၎င်းတို့၏ online store အတွက် “shop.example.com” ကဲ့သို့ subdomain သုံးကြသည်။

ဖိုရမ်များ (forums) - ဖိုရမ်လိုအပ်သော ဝက်ဆိုက်များတွင် “forum.example.com” ကဲ့သို့ subdomain ကိုအသုံးပြုသည်။

မိုဘိုင်းဝက်ဆိုက် (mobile website) - အချို့သောဝက်ဆိုက်များတွင် မိုဘိုင်းဝက်ဆိုက်များအတွက် “m.example.com”  ကဲ့သို့ subdomain အသုံးပြုကြသည်။ မိုဘိုင်းဝက်ဆိုက်သည် မိုဘိုင်းပစ္စည်းများအတွက်သီးသန့်ဖန်တီးရေးသားထားသော ဝက်ဆိုက်ဖြစ်သည်။

Subdomain ကိုအသုံးပြုခြင်းဖြင့်ရရှိနိုင်သော အကျိုးကျေးဇူးများမှာ

မတူညီသောကဏ္ဍများကို သီးခြားခွဲထုတ်နိုင်ခြင်း

လုပ်ငန်းခွဲများအတွက်လည်း အသုံးပြုရအဆင်ပြေစေခြင်း

သီးခြားဖြစ်တည်မှုကြောင့် စီစစ်ရလွယ်ကူစေခြင်း

စသော အကျိုးကျေးဇူးများ ရရှိသည်။

သို့သော်လည်း subdomain အသုံးပြုသောအခါ သတိပြုရမည်များလည်းရှိသည်။

မူရင်း domain တစ်ခုတွင် subdomain အလွန်အကျွံ အသုံးပြုခြင်းသည် SEO ကိုထိခိုက်စေသည်။

subdomain ကြောင့် ဝက်ဆိုက်စံမံမှုအပိုင်းတွင် ရှုပ်ထွေးနိုင်သည်။

လုံခြုံရေးအပိုင်းတွင်လည်း သေချာအောင်လုပ်ဖို့လိုအပ်သည်။

ခြုံငုံသုံးသပ်ကြည်လျှင် subdomain သည် အသုံးတည့်သော ကိရိယာဖြစ်သည်။ သို့‌သော်လည်း အကျိုးအပြစ်များကို အသုံးမပြုခင် စဉ်းစားသင့်သည်။