
ကွန်ပျူတာနည်းပညာနယ်ပယ်ကို အကြမ်းအားဖြင့်အပိုင်း (၂) ပိုင်းခွဲခြားနိုင်သည်။
အပိုင်း(၁) ကွန်ပျူတာနည်းပညာအသုံးချနယ်ပယ်
ကွန်ပျူတာနည်းပညာအသုံးချနယ်ပယ်ကိုသတ်မှတ်ရမည်ဆိုလျှင် ကွန်ပျူတာ (သို့) ကွန်ပျူတာနည်းပညာကိုအခြေခံထားသောပစ္စည်းများကိုအသုံးပြုနေသော နယ်ပယ်အားလုံးပါဝင်သည်။
ကွန်ပျူတာနည်းပညာအသုံးချနယ်ပယ်တွင် လုပ်ကိုင်သူတွေကို နည်းပညာပိုင်းအသုံးနှုန်းအရ (end user) အသုံးပြုသူလို့ခေါ်သည်။ ၄င်းအသုံးပြုသူတွေသည် ကွန်ပျူတာတွင်ထည့်သွင်းအသုံးပြုနိုင်သော နည်းပညာအားလုံးထဲမှ မိမိတို့၏သက်ဆိုင်ရာနယ်ပယ်အသီးသီးတွင် အသုံးပြုနိုင်သော (သို့) သက်ဆိုင်သော ကွန်ပျူတာနည်းပညာများကို ကျွမ်းကျင်စွာအသုံးချပြီး ရည်ရွယ်ထားသောလုပ်ငန်းများကို အမှားကင်းပြီး အောင်မြင်ပြီးစီးအောင် စွမ်းဆောင်နိုင်သူများဖြစ်သည်။
မိမိသည် ကွန်ပျူတာနည်းပညာအသုံးချနယ်ပယ်တွင်လုပ်ကိုင်ရန် ရည်ရွယ်ပါက မိမိလုပ်ကိုင်မည့် လုပ်ငန်းတွင်အသုံးပြုနိုင်သည့် (သို့) အသုံးပြုနေသည့် ကွန်ပျူတာနည်းပညာကိုလေ့လာ သိထားသင့်သည်။
အပိုင်း(၂) ကွန်ပျူတာနည်းပညာဖန်တီးမှုနယ်ပယ်
ကွန်ပျူတာနည်းပညာဖန်တီးမှုနယ်ပယ်ကိုလည်းအကြမ်းအားဖြင့်
ကွန်ပျူတာ ဆော့ဖ်ဝဲ (software) ရေးသားဖန်တီးခြင်းနှင့် ကွန်ပျူတာ ဟာ့ဒ်ဝဲ (hardware) ဖန်တီးခြင်း ဆိုပြီး (၂) ပိုင်းခွဲခြားနိုင်သည်။
ကွန်ပျူတာဆော့ဖ်ဝဲ (software) ရေးသားဖန်တီးခြင်းတွင်လည်း ကွန်ပျူတာစနစ်ပိုင်း (Operating System) ရေးသားခြင်းနှင့် ပုဂ္ဂလိကစနစ်ပိုင်း (customized system) ရေးသားခြင်းတွေပါဝင်သည်။ ကွန်ပျူတာစနစ်ပိုင်း (Operating System) ရေးသားဖန်တီးခြင်းများကို များသောအားဖြင့် ကမ္ဘာကျော် ဆော့ဖ်ဝဲကုမ္ပဏီကြီးများက လုပ်ဆောင်ကြသည်။ ပုဂ္ဂလိကစနစ်ပိုင်း (customized system) ရေးသားဖန်တီးခြင်းတွင် ကမ္ဘာကျော်ကုမ္ပဏီကြီးများလည်းပါဝင်သလို ဖန်တီးရေးသားသော စနစ်ပေါ်မူတည်းပြီး ကုမ္ပဏီငယ်များ၊ အသင့်အဖွဲ့လိုက်ရေးသာသူများ၊ တစ်ဦးတည်းရေးသားသူများပါဝင်သည်။
ကွန်ပျူတာ ဟာ့ဒ်ဝဲဖန်တီးခြင်းတွင်လည်း ကွန်ပျူတာဆော့ဖ်ဝဲဖန်တီးခြင်းလုပ်ဆောင်ခြင်းနှင့် အလားတူပင်ဖြစ်သည်။