ကွန်ပျူတာနည်းပညာအသုံးချနယ်ပယ်တွင်လုပ်ကိုင်သူများ

ကွန်ပျူတာနည်းပညာအသုံးချနယ်ပယ်တွင်လုပ်ကိုင်သူများသည် မိမိလုပ်ကိုင်သည့်နယ်ပယ်တွင်လက်ရှိအသုံး ပြုလျှက်ရှိသော ဆော့ဖ်ဝဲသာမက အလားတူဖန်းတီးလုပ်ဆောင်နိုင်သော ဆော့ဖ်ဝဲများကိုလည်း လေ့လာ သိရှိရန်လိုအပ်သည်။ ထိုသို့သိရှိထားခြင်းကြောင့်ရရှိလာနိုင်သောအကျိုးကျေးဇူးများစွာရှိသည်။ 

၁။ မိမိလုပ်ငန်းနှင့်ကိုက်ညီသည့် ဆော့ဖ်ဝဲများကို ‌ရွေးချယ်နိုင်ခြင်း

၂။ အချိန်ကုန်သက်သာခြင်း

၃။ ကုန်ကျစရိတ်ချိန်ညီနိုင်ခြင်း

ဖော်ပြပါအကျိုးကျေးဇူးများအပြင်အခြားများစွာသော အကျိုးကျေးဇူးများလည်းရှိသေးသည်။

ထို့အပြင် ကွန်ပျူတာနည်းပညာအသုံးချနယ်ပယ် တွင်လုပ်ကိုင်သူများသည် ဆော့ဖ်ဝဲများ သိရှိကျွမ်းကျင်မှုသာမက မိမိလုပ်ကိုင်နေသော လုပ်ငန်း၏လုပ်ငန်းလက်တွေ့ သဘောတရားများကိုလည်း အထူးကျွမ်းကျင်ဖို့လိုသည်။ အဘယ့်ကြောင့်ဆိုသော် ဆော့ဖ်ဝဲသည် စေခိုင်းမှသာ မိမိလိုချင်သော ရလဒ်ကို စွမ်းဆောင်ပေးသည်။ ထိုသို့ စေခိုင်းနိုင်ဖို့အတွက်ကျ မိမိသည် မိမိလုပ်ကိုင်နေသော လုပ်ငန်း၏လက်တွေ့ သဘောတရားကို ကြေညက်နေပါမှ အဆင်ပြေမည်ဖြစ်သည်။ သို့မှသာ မိမိဖန်းတီးလိုက်သော ရလဒ်သည် အလုပ်အပ်သူ၏စိတ်တိုင်းကျဖြစ်စေနိုင်မည်။