
URI သည် အင်တာနက် (သို့) အွန်လိုင်းကွန်ယက်ပေါ်တွင်ရှိသော အရင်းအမြစ်တစ်ခုအတွက် သတ်မှတ်ထား သော စာကြောင်းတစ်ခုဖြစ်သည်။ နားလည်ရလွယ်ကူရန် ဆိုရလျှင် အွန်းလိုင်းပေါ်တွင်ရှိသော ဝက်စာမျက်နှာ၊ ပုံ၊ ဖိုင် တို့၏နာမည်ကတ်တစ်ခုနှင့်တူသည်။
URI တွင်အောက်ဖော်ပြပါအစိတ်အပိုင်းများပါဝင်သည်။
Scheme (နည်းဥပဒေ) - scheme သည် အွန်းလိုင်းပေါ်ရှိအရင်းအမြစ်တွေကို ရယူရန်အသုံးပြုရသော http, ftp ကဲ့သို့သော နည်းဥပဒေဖြစ်သည်။ ဥပမာ “http://www.example.com/index.html” တွင် scheme သည် http ဖြစ်သည်။
Authority (တည်နေရာ) - authority သည် ဒိုမိန်းနှင့် ဝင်ပေါက်နံပါတ်ကဲ့သိုသော အရင်းအမြစ်များတည်ရှိရာနေရာဖြစ်သည်။ ဥပမာ “www.example.com” သည် authority ဖြစ်သည်။
Path (authority အတွင်းရှိ တည်နေရာ) - path သည် authority အတွင်းမှာရှိသော အရင်းအမြစ်တစ်ခု၏နေရာဖြစ်သည်။ ဥပမာ “/index.html” သည် path ဖြစ်သည်။
Query (လိုအပ်သည်များကိုယူခြင်း) - query သည် လိုအပ်သည်များကို သတ်မှတ်ချက်ထားပြီး ရယူခြင်းဖြစ်သည်။ ဥပမာ “http://www.example.com/search?q=cats တွင် “q=cats” သည် query ဖြစ်သည်။
Fragment (သတ်မှတ်ထားသည့်အစိတ်အပိုင်း) - fragment သည် အရင်းအမြစ်၏ သတ်မှတ်ထားသောအစိတ်အပိုင်းကို ညွှန်ပြပေးသည်။ ဥပမာ “http://www.example.com/page#section2” တွင် “#section2” သည် fragment ဖြစ်သည်။
URI နဲ့ပက်သက်ပြီး အဓိကမှတ်သားထားရသည်များမှာ
URI သည် case-sensitive ဖြစ်သည်။
URI တွင် နေရာလွတ်၊ သင်္ကေတ စသည်များမပါဝင်နိုင်ပါ။
URI သည် အွန်လိုင်းကွန်ယက်ပေါ်ရှိ အရင်းအမြစ်များကို သတ်မှတ်နိုင်သလို ကိုယ်ပိုင်ကွန်ယက်များတွင်လည်းအသုံးပြုနိုင်သည်။