Uniform Resource Locator (URL)

URL ၏မူလစကားလုံးသည် Uniform Resource Locator ဖြစ်သည်။ တိုက်ရိုက်ဆိုလိုရင်းကတော့ မရွေ့မပြောင်းမည့်အရင်းအမြစ်တည်ရှိရာ ဟုဆိုနိုင်ပါသည်။ ဝက်ဆိုက်နည်းပညာနယ်ပယ်တွင်းမှာတော့ အင်တာနက်ပေါ်မှာရှိကြသော ဝက်ဆိုက်၊ ဝက်စာမျက်နှာ၊ ပုံ၊ ဖိုင် စသည့် တစ်ခုချင်းစီတို့၏  တည်ရှိရာနေရာကို သေချာတိကျစွာဖော်ပြသော လိပ်စာတစ်ခုဖြစ်ပါသည်။ လက်တွေ့လောက လိပ်စာများမှ အိမ်အမှတ်၊ လမ်းအမည်၊ ရပ်ကွက်၊ မြို့နယ်၊ မြို့ ကဲ့သိုဖြစ်သည်။ သို့သော် URL သည် အွန်လိုင်းကမ္ဘာမှာသုံးအသုံးပြုသည့် လိပ်စာဖြစ်သည်။

URL တစ်ခု၏ တည်ဆောက်ပုံကို ဖော်ပြပါပုံတွင် လေ့လာနိုင်သည်။ ၎င်းတွင် 

Protocol (နည်းဥပဒေ) - အင်တာနက်ပေါ်ရှိ အရင်းအမြစ်များကို ရယူသည့်အခါလိုက်နာရမည့် နည်းဥပဒေများဖြစ်သည်။ ၎င်းနည်းဥပဒေများတွင် HTTP (Hypertext Transfer Protocol) ဝက်စာမျက်နှာများ ရယူရန်အသုံးပြုသည်။ HTTPS (Hypertext Transfer Protocol Secure) လုံခြုံရေးစနစ်ပါဝင်သော HTTP ဖြစ်ပြီး ဝှက်စာနည်းဖြင့် ဆက်သွယ်ရန်အသုံးပြုသည်။ FTP (File Transfer Protocol) ဖိုင်လွှဲပြောင်းရန်အသုံးပြုသည်။

Subdomain (ဒိုမိန်းအခွဲ) - ၎င်းသည် မူလဒိုမိန်း၏ရှေ့ရှိအစက်ကလေး၏ရှေ့တွင်ရေးထားသော စာလုံးများဖြစ်သည်။ အထင်ရှားဆုံးသော ဒိုမိန်းအခွဲမှာ “www” ဖြစ်သည်။ ၎င်းကိုအသုံးပြုခြင်းမပြုခြင်းသည် ဝက်ဆိုက်ဖန်းတီသူ၏ သ‌ဘောအတိုင်းသာဖြစ်သည်။

Domain Name (ဒိုမိန်းအမည်) - ဒိုမိန်းသည် ဝက်ဆိုက်တစ်ခု၏အမည် (သို့) ဝက်ဆိုက်နည်းပညာဆိုင်ရာကုတ်များထားရှိရာ ဆာဗာတည်နေရာ၏အမည် ဖြစ်သည်။ ဥပမာပြရလျှင် များသိကြသည့် “www.google.com” သည် ဒိုမိန်းအမည်တစ်ခုဖြစ်သည်။

Top-Level Domain (TLD) - TLD ကို domain extension လို့လည်းခေါ်သေးသည်။ ၎င်းသည် ဒိုမိန်း၏နောက်ပိုင်းအစိတ်အပိုင်းတစ်ခုဖြစ်သည်။ အင်တာနက်ပေါ်တွင် အသုံးပြုနေသော domain extension များစွာရှိသော်လည်း အသုံးများသော domain extension များမှာ “.com” ၎င်း ကို စီးပွားရေးဝက်ဆိုက်များအတွက် သုံးသည်။ “.org” ကို အဖွဲ့အစည်းဆိုင်ရာဝက်ဆိုက်များအတွက်သုံးသည်။ “.net” ကို နည်းပညာဆိုင်ရာလုပ်ငန်းဝက်ဆိုက်များအတွက် သုံးသည်။ “.edu” ကို သင်ကြား‌ရေးနှင့်ဆိုင်သော ဝက်ဆိုက်များအတွက်သုံးသည်။ “.gov” ကို အုပ်ချုပ်ရေးနှင့်ဆိုင်သော ဝက်ဆိုက်များအတွက်သုံးသည်။

 

Subfolder (ဝက်ဆိုက်၏ပထမအလွှာတွင်ရှိသော folder) - ဝက်ဆိုက်ဖိုင်ဖွဲ့စည်းပုံတွင် ပထမဆုံးအလွှာတွင် တည်ရှိသော folder တစ်ခုဖြစ်သည်။

Slug (ဝက်ဆိုက်အတွင်းလိပ်စာ) - slug တစ်ခုသည် ဝက်ဆိုက်အတွင်းရှိ ဝက်စာမျက်နှာ (သို့) ပို့ တစ်ခုအတွက် သတ်မှတ်ချက်ဖြစ်သည်။ ၎င်းသည် အသုံးပြုသူကို ဝက်စာမျက်နှာ (သို့) ပို့ တွင်ပါဝင်သော အချက်အလက်များကို နားလည်စေရန်လည်းအကူအညီဖြစ်စေသည်။ ဥပမာ “/product/men-fashion/” တွင် အသုံးပြုသူအနေဖြင့် ၎င်း slug ဖြင့်သတ်မှတ်ထားသော ဝက်စာမျက်နှာ (သို့) ပို့ သည် အမျိုးသားဖက်ရှင်ပစ္စည်းအကြောင်းဖြစ်ကြောင်းသိရှိနိုင်သည်။

Path (လမ်းကြောင်း) - ဝက်ဆိုက်တစ်ခုအတွင်ပါရှိသော အရင်းအမြစ်များ၏ တည်နေရာကိုပြသသည်။ ဥပမာ “/images/logo.png” သည် ဝက်ဆိုက်တွင်ပါဝင်သော “images” ဖိုင်ထဲတွင်းရှိ “logo.png” ပုံကို ညွှန်ပြသည်။

Query String (optional) (အချက်လက်ရယူသောစာကြောင်း) - ၎င်းကို ဆာဗာဆီသို့  ထပ်ဆောင်းအပို အချက်အလက်များရယူလိုသည့်အခါ ထည့်ပေးသည်။ ၎င်း၏တည်‌ဆောက်ပုံသည် key-value အတွဲဖြစ်သည်။ ဥပမာ “?search=cats” တွင် “search” သည် key ဖြစ်ပြီး “cats” သည် value ဖြစ်သည်။ ထို “?search=cats” query string သည် ဆာဗာတွင်ရှိသော cats နှင်ဆိုင်သော အချက်အလက်များကို developer ရေးသားထားသောအပေါ်မူတည်ပြီး ရရှိလာမည်ဖြစ်သည်။