
ဝက်ဘရောက်ဆာသည် အသုံးပြုသူများအား World Wide Web နှင့် ချိပ်ဆက်ပြီး အပြန်အလှန်ဆက်သွယ်စေနိုင်သည့် ဆော့ဖ်ဝဲ အပလီကေးချင်းတစ်ခုဖြစ်သည်။ ၎င်းသည် ကျယ်ပြောလှသော အချက်အလက်နှင့် အရင်းအမြစ်များ တည်ရှိရာသမုဒ္ဒရာဆီသို့ သွားနိုင်သော တံခါးပေါက်တစ်ခုကဲ့သို့ဖြစ်သည်။
အသုံးပြုသူများသည် ဝက်ဘရောက်ဆာကို အောက်ဖော်ပြပါ နမူနာလုပ်ငန်းများကဲ့သို့သောလုပ်ငန်းများ လုပ်ဆောင်ရန်အသုံးပြုနိုင်သည်။
ဝက်ဆိုက်များကို ဝင်ရောက်ကြည့်ရှု့ခြင်း(visit websites) - ဝက်ဆိုက်ဖန်တီးမှုနည်းပညာ၊ ဘာသာများနှင့်ရေးသားထားသော ဝက်စာမျက်နှာများဖြင့် ရည်ရွယ်ချက်ပေါ်မူတည်ပြီး ဝက်ဆိုက်များကိုဖန်းတီးထားကြသည်။ အသုံးပြုသူများအနေဖြင့် ဝက်ဘရောက်ဆာတစ်ခုကိုအသုံးပြုပြီး ဝက်ဆိုက်များကို ဝင်ရောက်ကြည့်ရှု့သည့်အခါ ဝက်ဘရောက်ဆာသည် ဝက်ဆိုက်ဖန်တီးရေးသားထားသော ကုတ်များကို ဘာသာပြန်ပြီး ၎င်း၏မျက်နှာပြင်ပေါ်တွင် စာသား၊ ပုံများ၊ ရုပ်သံဖိုင် နှင့် အခြားသောပုံစံအမျိုးမျိုးတို့ဖြင့် ဝက်စာမျက်နှာကို ပြသပေးသည်။
သတင်းအချက်အလက်များရှာဖွေခြင်း (search for information) - အသုံးပြုသူအနေဖြင့် မိမိသိလိုသော သတင်းအချက်အလက်များကို ရှာဖွေရန် ဝက်ဘရောက်ဆာ၏ ရှာဖွေရေးယန္တာယားကို အသုံးပြုနိုင်သည်။ အသုံးပြုသူသည် ရှာလိုသော အရာကို ရိုက်ထည့်လိုက်ရုံဖြင့် ဘရောက်ဆာသည် သက်ဆိုက်ရာ ဝက်ဆိုက်များစာရင်းကို ပြန်ပေးလိမ့်မည်။
အွန်လိုင်းဈေးဝယ်ခြင်း (shop online) - စီးပွားရေးလုပ်ငန်းအများစုတွင် ၎င်းတို့၏အွန်လိုင်းအရောင်းဆိုင်များရှိသောကြောင့် အသုံးပြုသူအနေဖြင့် မိမိလိုအပ်သော ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို ဝက်ဘရောက်ဆာအသုံးပြုပြီးဝယ်ယူနိုင်သည်။
မိသားစု၊ မိတ်ဆွေ၊ သူငယ်ချင်များနှင့် အဆက်အသွဲမပြတ်ရှိနိုင်ခြင်း (stay connected with friends and family) - လူမှုကွန်ယက်များ၊ မေးလ်များနှင့် အခြားသောအွန်လိုင်ဆက်သွယ်ရေးကွန်ယက်များကိုလည်း ဝက်ဘရောက်ဆာကို အသုံးပြုပြီး ဆက်သွယ်နိုင်သည်။
အလုပ်နှင့် သင်ကြားရေး (work and learn) - စီးပွားရေးလုပ်ငန်းများ နှင့် ပညာရေးအဖွဲ့အစည်းများသည် ဝက်အခြေခံ အပလီကေးချင်းများကို အသုံးပြုနေခြင်းကြောင့် ဝက်ဘရောက်ကနေတစ်ဆင့် အလုပ်လုပ်ကိုင်နိုင်သည်။ သင်ကြား၊ လေ့လာနိုင်သည်။
လက်ရှိတွင် အသုံးပြုနေသော ဝက်ဘရောက်ဆာများစွာရှိပြီး ၎င်းတို့တွင် အားသာချက်အားနည်းချက်များရှိကြသည်။ ထင်ရှားသော ဝက်ဘရောက်ဆာ အချို့မှာ
ဂူဂဲခရုန်း (google chrome) - chrome သည် ၎င်း၏ မြန်နှုန်းနှင့် အသုံးပြုရလွယ်ကိုမှုကြောင့် ထင်ရှားပြီးလူကြိုက်များသည်။
မော်ဇီလာ ဖိုင်းယာဖောက် (mozilla firefox) - နောက်ထပ် ထင်ရှားလူသိများသော ဘရောက်ဆာတစ်ခုဖြစ်ပြီး အသုံးပြုသူ၏လုံခြုံရေးနှင့် စိတ်ကြိုက်ပြုပြင်နိုင်သည့် လုပ်ဆောင်ချက်များပါဝင်သည်။
ဆာဖာရီ (safari) - Apple ပစ္စည်များ၏ မူရင်း ဝက်ဘရောက်ဆာဖြစ်သည်။
မိုက်ခရိုဆော့ အက်ချ် (microsoft edge) - Window 10 နှင့် 11 တို့၏ မူရင်း ဝက်ဘရောက်ဆာဖြစ်သည်။
ဘယ်ဝက်ဘရောက်ဆာကိုပဲသုံးသည်ဖြစ်စေ ၎င်းသည် အင်တာနက်တွင်ရှာဖွေရန်နှင့် ကမ္ဘာကြီးနှင့်အဆက်အသွယ်မပြတ်စေရအတွက် မရှိမဖြစ် ဖြစ်သည်။