
ဝက်ဆိုက်တစ်ခုကို အိမ်တစ်လုံးအနေဖြင့် သတ်မှတ်လိုက်သည်ဆိုပါစို့။ ထိုအခါ web hosting သည် ၎င်းအိမ်တည်ဆောက်မည့်မြေနေရာ ဖြစ်သည်။ အိမ်တစ်လုံးတည်ဆောက်ရန်အတွက် မြေနေရာ ရွေးချယ်သည့်အခါ ၎င်းနှင့်လိုက်ဖက်မည့် မြေအမျိုးအစား၊ အကျယ်အဝန်း၊ တည်ရှိနာနေရာ စသည်တို့ကိုထည့်သွင်းစဉ်းစားသကဲ့သိုပင် web hosting ကိုလည်း ထို့နည်းအတူ တည်ဆောက်မည့်ဝက်ဆိုက်ပေါ်မူတည်ပြီး စဉ်းစားတွက်ချက်ပြီးတည်ဆောက်သည်။
Web hosting ဝန်ဆောင်မှုပေးသော ကုမ္ပဏီအားလုံးသည် ဝက်ဆိုက်တစ်ခုတွင်လိုအပ်သော နည်းပညာများနှင့် ဝက်ဆိုက်ထားရှိရန် လိုအပ်သော နေရာအကျယ်အဝန်း စသည်တို့ကို ထောက်ပံပေးသည်။ အသုံးပြုသူသည် ဝက်ဆိုက်တစ်ခု၏လိပ်စာကို web browser တစ်ခုမှာရိုက်ထည့်လို့ပါက အသုံးပြုသူ၏ကွန်ပျူတာာသည် ဝက်ဆိုက်ထားရှိသော ဆာဗာသို့ဆက်သွယ်ပြီး သက်ဆိုင်ရာဖိုင်များကိုရယူသည်။ ထို့နောက် web browser တွင်ဖော်ပြပေးသည်။
Web hosting အမျိုးအစားများစွာရှိပြီး အသီးသီးတွင်လည်း အားသာချက်များ၊ အားနည်းချက်များရှိသည်။
Shared hosting (မျှသုံးရသောအမျိုးအစား) သည် အသုံးအများသလို ဈေးလည်းတန်သည်။ ၎င်းအမျိုးအစားတွင် မိမိဝက်ဆိုက်သည် အခြားသောဝက်ဆိုက်များနှင့်အတူ ဝက်ဆာဗာတစ်ခုကို မျှဝေသုံးစွဲရသည်။
Virtual private server hosting (VPS hosting) (ဆာဗာတစ်ခုကဲ့သို့တည်ဆောက်ထားသောအမျိုးအစား) သည် မိမိဝက်ဆိုက်တစ်ခုတည်းအတွက် သီးသန့်တည်ဆောက်ပေးထားသော virtual server ဖြစ်သည့်အပြင် ဆာဗာတွင်ပါရှိသော အရင်အမြစ်များကိုလည်း ထိမ်းချုပ်နိုင်သည်။
Dedicated hosting (ကိုယ်ပိုင်ဆာဗာ) တွင် ဝယ်ယူသူသည် ဆာဗာတစ်ခုလုံးကို မိမိစိတ်ကြိုက် စီမံအသုံးပြုနိုင်သည်။ လျှင်မြန်သွက်လက်မှုနှင့် လုံခြုံရေးအပိုင်းများတွင်လည်း ကောင်းမွန်သည်။
Web hosting တစ်ခုကို မိမိတင်သုံးမည့် ဝက်ဆိုက်၏လိုအပ်ချက်နှင့် ကုန်ကျစရိတ်တိုကိုမူတည်ပြီးရွေးချယ်နိုင်သည်။ ကိုယ်ပိုင်ဝက်ဆိုက်အသေးလေးများအတွက် shared hosting သည် သင့်တော်သည်။ ဝက်ဆိုက်အကြီးများအတွက်ကို VPS နှင့် dedicated hosting တို့မှ သင့်တော်ရာ ရွေးချယ်အသုံးပြုနိုင်သည်။
Web hosting အသုံးပြုခြင်းကြောင့် ရရှိနိုင်သော အကျိုးကျေးဇူးများ
မိမိဝက်ဆိုက်ကို အသုံးပြုသူများမှ အမြဲတမ်း အသုံးပြုနေနိုင်ခြင်း
Web hosting ကုမ္ပဏီများမှ ထည့်သွင်းပေးထားသော လုံခြုံရေးစနစ်များကြောင့် မိမိဝက်ဆိုက်ကို တိုက်ခိုက်ခိုးယူမှုများမှ ကာကွယ်နိုင်ခြင်း
Web hosting ကုမ္ပဏီများ၏ တည်ဆောက်မှုပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများကြောင့် မိမိဝက်ဆိုက်သည် အသုံးပြုသူများနေသည့်အချိန်များ၌ပင် ကောင်းမွန်စွာ အလုပ်လုပ်နေခြင်း
Web hosting ကုမ္ပဏီအများစုသည် အသုံးပြုရလွယ်ကူသော ထိမ်းချုပ်မှုစနစ်ထည့်သွင်းပေးထားခြင်းကြောင့် မိမိဝက်ဆိုက်ကို အလွယ်တကူ စီမံနိုင်ခြင်း
စသည့်အဆင်ပြေမှုများ ရရှိသည်။