What is SEO (Search Engine Optimization)

SEO ဆိုသည်မှာ Search Engine Optimization ဟုဆိုလိုသည်။ SEO ပြုလုပ်ခြင်းဆိုသည်မှာ website (သို) web page ကို search engine results pages (SERPs) ဟုခေါ်သော အင်တာနက်တွင် ရှာဖွေမှုရလဒ်များ ပြသသော web page တွင် မိမိ website ၏ ranking ဟုခေါ်သော အဆင့်သတ်မှတ်ချက် တိုးတက်ကောင်းမွန်အောင် လေ့ကျင့်ရေးသားပေးခြင်းဖြစ်သည်။ ranking မြင့်လေလေ ရှာဖွေသူများမှာ မိမိ website ကို ပိုမို တွေရှိစေပြီး နှိပ်နိုင်ချေပိုများလေဖြစ်သည်။

SEO သည် ရှုပ်ထွေး‌သော်လည်း on-page SEO နှင့် off-page SEO ဟူ၍ အဓီကအမျိုးအစားနှစ်မျိုး  ခွဲခြားနိုင်သည်။ 

On-page SEO တွင် search engine friendly ဖြစ်စေရန် ဖန်တီးရေးသားသူမှ website တွင် လုပ်ဆောင်ပေးရခြင်းဖြစ်သည်။ ၎င်းသို့လုပ်ဆောင်ရာတွင် 

website တွင်ပါဝင်သော အကြောင်းအရာအချက်အလက်များနှင့် ကိုက်ညီသော keywords များကိုအသုံးပြုခြင်း

website ကို mobile-friendly ဖြစ်အောင် ဖန်တီးရေးသားခြင်း

website ၏ loading time ကို မြန်ဆန်အောင် ဖန်တီးခြင်း

website ကို ရှင်လင်းသေသပ်စွာတည်ဆောက်ခြင်း

စသည်ကဲ့သို့သော အရာများပါဝင်သည်၊

Off-page SEO တွင် website ၏ ranking တက်စေရန်အတွက် website အတွင်းမှမဟုတ်ပဲ အပြင်နည်းလမ်းများ အသုံးပြုလု‌ပ်‌ဆောင်ခြင်းဖြစ်သည်။ ၎င်းသို့လုပ်ဆောင်ရာတွင် 

အခြားသော website များမှာ မိမိဝက်ဆိုက်သို့ backlinks များထည့်သွင်းခြင်း

website ကြည့်ရှု့သူများမှ ၎င်းတို့၏ သက်ဆိုင်ရာ website များ၊ social များတွင် မျှဝေစေရန် အရည်အသွေးကောင်းမွန်သော content များ ဖန်တီးခြင်း

website နှင့်သက်ဆိုက်သော social media ထားရှိခြင်း

စသည်ကဲ့သို့သော အရာများပါဝင်သည်။

SEO သည် အစဉ်အမြဲ ပြောင်းလဲနေခြင်းကြောင့် အားလုံးအတွက်အမြဲအဆင်ပြေနေစေမည့် နည်းလမ်းဟူ၍ မရှိပါ။ သို့သော်လည်း အထက်တွင်ဖော်ပြခဲ့ပြီးသောအချက်များကို လိုက်နာ‌ဆောင်ရွက်ခြင်းဖြင့် website ၏ ranking ကို တိုးတက်စေပြီး organic traffic ပိုမိုရရှိစေသည်။

SEO ကောင်းခြင်း၏ အကျိုးကျေးဇူးအချို့မှာ

အမှန်တကယ် ဝယ်ယူသူများကို ရရှိစေခြင်း

brand awareness တည်ဆောက်ရန် အကူအညီဖြစ်စေခြင်း

website ၏ user experience ကိုတိုးတက်စေခြင်း

ROI တိုးတက်စေခြင်း

website ကို အသုံးပြုသူများ ရှေ့မှောက်ရောက်ရှိဖို့နှင့် organic traffic များတို့တက်ဖို့အတွက် SEO သည် စတင်ရန်အသင့်တော်ဆုံးဖြစ်သည်။