JavaScript (သို့) အသုံးပြုသူအကြိုက်အလိုက်နိုင်ဆုံးသူ

အံသြစရာကောင်းတဲ့ လုပ်ဆောင်ချက်တွေဖန်တီးရာမှာ အသုံးပြုတဲ့ javascript အကြောင်းကို မိတ်ဆက်ပေးပါမယ်။

ကျွန်တော်အရင်မျှဝေခဲ့တဲ့ html နဲ့ CSS တွေမှာက မိမိလိုချင်တာ ဖြစ်ချင်တာတွေကို ကြိုတင်ဖန်တီးထားခြင်းမျိုးတွေပဲ လုပ်လို့ရတာပါ။ ဆိုလိုတာမူလကရေးထားတဲ့အတိုင်းပဲဖော်ပြမှုတွေလုပ်ပေးနိုင်တာပါ။

javascript ကတော့ အသုံးပြုသူရဲ့ behavior လုပ်ဆောင်မှုပေါ်မူတည်ပြီး ရုတ်ချည်ဖြစ်ပေါ်လာစေလိုသောဖန်တီးမှုမျိုးကို ဖန်တီးနိုင်ပါတယ်။ 

အရင်းအနှီးဆုံး javascript ရဲ့လုပ်ဆောင်ချက်ကိုတော့ google seach မှာတွေ့နိုင်ပါတယ်။ google search box မှာ မိမိသိလိုတဲ့စာလုံးတစ်လုံးရိုက်လိုက်ပြီဆိုတာနဲ့ အောက်မှာ predictions တွေအများကြီးပေါ်လာတာက javascript ရဲ့လုပ်ဆောင်ချက်တွေပါ။

javascript ရဲ့ ဖန်တီးနိုင်စွမ်းက အရမ်းကျယ်ပြန့်ပါတယ်။ ဘာလို့လဲဆိုတော့ javascritp က client-side (အသုံးပြုသူကွန်ပျူတာမှာရှိတဲ့ browser) မှာကော server-side (website ဖန်တီးထားသော code တွေထားတဲ့နေရာ) မှာပါအလုပ်လုပ်နိုင်ပါတယ်။