
Cache နှင့် Cookies နှစ်မျိုးလုံးသည် web browsers များက အသုံးပြုသူများအဆင်ပြေမှုတိုးတက်စေရန် အသုံးပြုသော အချက်အလက်များယာယီသိမ်းဆည်းရာဖြစ်သည်။ သို့သော်လည်း ၎င်းတို့၏ လုပ်ဆောင်ချက်များမှာတော့ အနည်းငယ်ကွဲပြားသည်။
Cache
Cache သည် browser ၏ ရေတိုမှတ်ဉာဏ်ဖြစ်သည်။ ၎င်းသည် ပုံများ၊ HTML စာမျက်နှာများနှင့် CSS ဖိုင်များကဲ့သို့သော website အစိတ်အပိုင်းများကို သိမ်းဆည်းပေးသည်။
အသုံးပြုသူသည် website တစ်ခုကို ပြန်လည်ဝင်ရောက်ကြည့်ရှု့သည့်အခါ browser သည် website အစိတ်အပိုင်းများကို အင်တာနက်မှတစ်ဆင့် မူလအရင်းမြစ်မှ download လုပ်ခြင်းအစား cache မှ ယူ၍ပြန်တင်ပေးသည်။ ထို့ကြောင့် loading time ကို သိသိသာသာ မြန်ဆန်စေသည်။
Cache သည် အများအားဖြင့် ယာယီဖြစ်ပြီး သတ်မှတ်ထားသော ကာလတစ်ခုပြီးနောက် (သို့) သိုလှောင်ရန်နေရာ လိုအပ်သည့်အခါ အလိုအလျောက် ဖျက်သည်။
Cookies
Cookies များသည် အသုံးပြုသူ ဝင်ရောက်ကြည့်ရှု့သော websites များမှ ဖန်တီးထားသည့် သေးငယ်သော အချက်အလက်ဖိုင်များဖြစ်သည်။ Cookies များသည် သက်ဆိုင်ရာ website ပေါ်တွင် အသုံးပြုသူ၏ ရှာဖွေမှု၊ ကြည့်ရှုမှု၊ ကြိုက်နှစ်သက်မှု ကဲ့သို့သော အသုံးပြုသူများ၏လုပ်ဆောင်ချက်များကို သိမ်းဆည်းသည်။
Cookies များသိမ်းဆည်းထားသော အချက်အလက်များတွင် အသုံးပြုသူများ၏ အကောင့်နှင့်ပက်သက်သော အထောက်အထားများ၊ တည်နေရာဆက်တင်များ၊ ဈေးဝယ်ကတ်သို့ ထည့်သွင်းထားသည်အရာများ၊ ယခင်က website အသုံးပြုခဲ့စဉ်က အသုံးပြုသူပြုလုပ်ခဲ့သည့် အရာကဲ့သို့သော အရာများပါဝင်သည်။
Cookies သည် session-base (သို့) persistent တစ်ခုခု ဖြစ်နိုင်သည်။
အကျဉ်းချုပ်ဆိုရလျှင် cache သည် website loading speed ကို တိုးမြှင့်သည်။ Cookies အသုံးပြုသူများ၏ စိတ်ကြိုက်ပြင်ဆင်မှုပိုင်းများအတွက် အဆင်ပြေသည်။
အသုံးပြုသူအနေဖြင့် website loading နှင့်ပက်သက်သော ပြဿနာများကြုံတွေ့ခြင်း (သို့) websites များမှ သိမ်းဆည်းထားသည့် အသုံးပြုသူများ၏ အချက်အလက်များကို လုံးဝဖယ်ရှားလိုသောအခါ Cache နှင့် Cookies များကို ရှင်းလင်းရန်လိုအပ်နိုင်သည်။
Cookies များကို ရှင်းလင်းခြင်းသည် အသုံးပြုသူ ဝင်ရောက်ထားသော websites များ၊ စိတ်ကြိုက်ပြင်ဆင်ထားသော ဆက်တင်များကို ဖယ်ရှားသွားမည်ဖြစ်သည်။