
web server တစ်လုံးသည် ဝက်ဆိုက် (website) တစ်ခု အသက်ဝင်ဖို့ စွမ်းအားတွေပေးသည့် ဆော့ဖ်ဝဲ (software) နှင့် ဟာဒ်ဝဲ (hardware) ပေါင်းစပ်မှုတစ်ခုဖြစ်သည်။ ၎င်းသည် ဝက်ဆိုက်ဖိုင်များကို သိမ်းဆည်းခြင်းနှင့် အသုံးပြုသူများမှ ဝက်ဆိုက်ဖတ်ရှု့ရန်တောင်းဆိုသည့်အခါ ဝက်ဆိုက်ဖိုင်များကို ပေးပို့ခြင်းကို ဆောင်ရွက်နိုင်သည်။ အသုံးပြုသူများမှ ၎င်းတို့၏ကွန်ပျူတာရှိ ဝက်ဘရောက်ဆာ (web browser) တွင် ဝက်ဆိုက်လိပ်စာကို ရိုက်ထည့်သောအခါ ကွန်ပျူတာသည် ဝက်ဆိုက်သိမ်းဆည်းပေးထားသော web server ဆီသို့ ဝက်ဆိုက်ဖိုင်များကို လှမ်းတောင်းခြင်းအမှု တစ်ခါပြုသည်။ web server သည်တောင်းဆိုထားသည့်ဝက်ဆိုက်ဖိုင်များကို ထုတ်ယူပြီး တောင်းဆိုထားသည့် အသုံးပြုသူ၏ကွန်ပျူတာရှိ ဝက်ဘရောက်ဆာ (web browser) ထံသို့ပို့ဆောင်ပေးသည်။ ထိုအခါ အသုံးပြုသူ၏ကွန်ပျူတာသည် ၎င်း၏မျက်နှာပြင်ပေါ်တွင် ဝက်ဆိုက်ဖိုင်များကို ဝက်ဆိုက်အဖြစ်ဖော်ပြပေးသည်။
web server အမျိုးအစားများစွာရှိသော်လည်း ၎င်းတို့၏အခြေခံလုပ်ဆောင်မှုများသည်တူညီကြသည်။ web developer များအကြိုက်ဆုံးသော အသုံးများသော web server များတွင် Apache၊ Nginx နှင့် Microsoft IIS တို့ပါဝင်သည်။
Web server များသည် အင်တာနက်ကွန်ရက်၏ မရှိမဖြစ်အစိတ်အပိုင်းတစ်ခုဖြစ်သည်။ အသုံးပြုသူများသည် web serverတို့ကိုအသုံးပြုပြီး ဒေတာအချက်အလက်များကို ဝင်ရောက်ကြည့်ရှု့နိုင်သည့်အပြင် အခြားသူမှားနှင့်လည်း မျှဝေနိုင်သည်။ web server များမရှိလျှင် အင်တာနက်ကွန်ယက် ရှိတော့မည် မဟုတ်ပါ။
Web server တစ်ခု၏ အဓိကလုပ်ဆောင်ချက်အချို့မှာ
ဝက်ဆိုက်ဖိုင်များကို ဝန်ဆောင်မှုပေးခြင်း (Serve website files) - web server များသည် HTML၊ CSS၊ JavaScript ကဲ့သို့သော ဝက်ဆိုက်ဖိုင်များနှင့် ပုံများကို သိမ်းဆည်ပေးသည်။ အသုံးပြုသူတစ်ဦးမှ web site တစ်ခု၏ ဝက်စာမျက်နှာတစ်ခုကို ကြည့်ရှု့ရန် ဝက်ဘရောက်ဆာကိုအသုံးပြု တောင်းဆိုသည့်အခါ သက်ဆိုရင်ရာ web server သည် ၎င်းသိမ်းဆည်းထားသော ဝက်ဆိုက်ဖိုင်များထဲမှ သက်ဆိုင်ရာ ဝက်ဆိုက်ဖိုင်များကို ပြန်လည်ထုတ်ယူပြီး အသုံးပြုသူ၏ ဝက်ဘရောက်ဆာသို့ ပို့ပေးသည်။
HTTP request များကိုလုပ်ဆောင်ခြင်း (Process HTTP requests) - web server များသည် ဝက်ဘရောက်ဆာ (web browser) များမှ HTTP request များကို လက်ခံသည်။ ၎င်း HTTP request များတွင် ဝက်ဆိုက် URL၊ အသုံးပြုသူမှထည့်သွင်းလိုက်သော ဒေတာအချက်အလက်များပါဝင်သည်။ web server များသည် HTTP request များကို တောင်ဆိုမှုတွင်ပါဝင်သည့်ဒေတာအချက်အလက်ပေါ်မူတည်၍ လုပ်ဆောင်ရမည်များကို လုပ်ဆောင်ပြီး ရလဒ်တစ်ခုပြန်လည်ထုတ်လွတ်ပေးသည်။
ဝက်ဆိုက်ဒေတာအချက်အလက်လုံခြုံရေး (Secure website data) - web server များသို့ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ပြီး ဝက်ဆိုက်မှ ဒေတာအချက်အလက်များရယူခြင်းမှကာကွယ်ရန် ဝှက်ကုတ်စနစ်များကို web server များတွင်ထည့်သွင်းတည်ဆောက်နိုင်သည်။ ၎င်းစနစ်များသည် အွန်လိုင်းငွေပေးချေမှုစနစ်၊ ငွေသုံးကတ်စနစ် ကဲ့သို့သော အရေးကြီးသောအချက်အလက်များကို လုပ်ဆောင်ပေးသော ဝက်ဆိုက်များတွက် အရေးကြီးသည်။
ဝက်ဆိုက်အဝင်အထွက်များကိုစီမံခြင်း (Manage website traffic) - web server များသည် ၎င်းပေါ်တွင်တင်ထားသော ဝက်ဆိုက်များ၏ တစ်ပြိုင်နက်ဖြစ်သောအဝင်အထွက်များကို စီမံနိုင်သည်။ အသုံးပြုသူများသော ဝက်ဆိုက်များတွင် ဝက်ဆိုက်အဝင်အထွက် စီမံခြင်းသည် အထူးအရေးကြီးသည်။
ဝက်ဆိုက်၏အခြေအနေများကို မှတ်တမ်းတင်ခြင်းနှင့်အစီရင်ခံခြင်း (Provide logging and reporting) - web server များသည် အသုံးပြုသူများ၏ကြည့်ရှုမှုများ၊ ဝက်ဆိုက်၏လုပ်ဆောင်မှုအခြေအနေများကို မှတ်တမ်းယူနိုင်သည်။ ထိုမှတ်တမ်းများကို အသုံးပြုပြီး ဝက်ဆိုက်၏ပြဿနာများ၊ စွမ်းဆောင်ရည်များမြှင့်တင်ရန်အတွက် အသုံးပြုနိုင်သည်။