ကွန်ပျူတာသည် လျှပ်စစ်ပစ္စည်းတစ်ခုပါ။ သို့ပေမယ့်လည်း အခြားသော လျှပ်စစ်ပစ္စည်းများကဲ့သို့ သတ်မှတ်ထားသော လုပ်ငန်းတစ်ခုတည်းသာလုပ်ဆောင်နိုင်သည်အဟုတ်ပဲ များမြောင်လှသော လုပ်ငန်းတာဝန်များကို လိုအပ်သော ဆက်စပ်ပစ္စည်း (hardware)၊ ဆော့ဖ်ဝဲ (software) စသည်များထည့်သွင်းချိတ်ဆက်ပြီး လုပ်ဆောင်နိုင်သော လျှပ်စစ်ပစ္စည်းတစ်ခုဖြစ်ပါသည်။
ကွန်ပျူတာသည် မှတ်တမ်းများ (သို့) အချက်အလက်များကို အခြေခံပြီး တွက်ချက်မှုများ၊ သိမ်းဆည်းမှုများ၊ ဆက်သွယ်မှုများ ကဲ့သို့သော လုပ်ဆောင်မှုများကို သက်ဆိုင်ရာနယ်ပယ်အသီးသီးအတွက် လုပ်ဆောင်နိုင်သည်။ လုပ်ငန်းများလုပ်ဆောင်ရာတွင်လည်း သတ်မှတ်ထားသော စနစ်အတိုင်းလုပ်ဆောင်ခြင်း၊ အလိုအလျှောက်လုပ်ဆောင်ခြင်း၊ မှတ်တမ်း အချက်အလက်များကို အခြေခံ၍လုပ်ဆောင်ခြင်း၊ သတ်မှတ်ထားသော နည်းဥပဒေအတိုင်းလုပ်ဆောင်ခြင်း စသောလုပ်ဆောင်မှုမျိုးစုံကို လုပ်ဆောင်နိုင်သည်။
ကွန်ပျူတာတွင် ဟာဒ်ဝဲ (hardware) နှင့် ဆော့ဖ်ဝဲ (software) ဟူ၍ အဓိက အစိတ်အပိုင်းနှစ်ပိုင်း ပါဝင်သည်။
ကွန်ပျူတာများကို ပုဂ္ဂလိကသုံး (personal computer PCs)၊ ဆာဗာ (server)၊ အလွယ်တကူသယ်ဆောင်နိုင်သော (mobile devices)၊ စမ်းသပ်မှုသုံး (supercomputer) ဟူ၍ အမျိုးအစားများခွဲနိုင်သည်။