ကွန်ရက် (network) ဟူသောဝေါဟာရသည် မည့်သည့်နယ်ပယ်တွင်အသုံးပြုသည်ဖြစ်စေ မူလဆိုလိုရင်းသည် တစ်ခုနှင့်တစ်ခုအပြန်အလှန်ဆက်စပ်နေသော အရာများ (သို့) လူများကို ရည်ညွှန်းသည်။ ကွန်ရက်အချို့ကို နမူနာဖော်ပြရလျှင်
ကွန်ပျူတာကွန်ရက် (computer network) - ကွန်ပျူတာကွန်ရက်တစ်ခုသည် အတူတကွချိတ်ဆက်ထားသော ကွန်ပျူတာအုပ်စုတစ်ခုဖြစ်ပြီး ၎င်းတို့အချင်းချင်း အရင်းအမြစ်များမျှဝေနိုင်ခြင်း၊ ဆက်သွယ်နိုင်ခြင်းများ ပြုလုပ်နိုင်သည်။ ၎င်းချိတ်ဆက်မှုကို အင်တာနက်ဝါယာကြိုးများ၊ ကြိုးမဲ့ဆက်သွယ်မှုနည်းပညာများ (သို့) အလားတူ ဆက်သွယ်ရေးနည်းပညာတစ်ခုခုကို အသုံးပြုထားသည်။
လူမှုကွန်ရက် (social network) - လူမှုကွန်ရက်တစ်ခုသည် လူမှုဆက်ဆံရေး ချိတ်ဆက်မှုရှိသော လူတစ်စုဖြစ်သည်။ ၎င်းတွင် မိသားစု၊ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်များနှင့် နေစဉ်ဆက်ဆံနေသူများပါဝင်သည်။
သယ်ယူပို့ဆောင်ရေးကွန်ရက် (transportation network) - လူနှင့်ကုန်ပစ္စည်းများကို တစ်နေရာမှတစ်နေရာသို့ ရွှေ့ပြောင်းနိုင်စေမည့် လမ်းများ၊ အဝေးပြေးလမ်းများ၊ ရထားလမ်းများ၊ တူးမြောင်းများ ကဲ့သို့သော အခြားသော သယ်ယူပို့ဆောင်ရေးအခြေခံအဆောက်အဦးများပါဝင်သော စနစ်တစ်ခုဖြစ်သည်။
ဇီဝဗေဒကွန်ရက် (biological network) - ဇီဝဗေဒကွန်ရက်တွင် အပြန်အလှန်တုံ့ပြန်နေသည့် မော်လီကျူးများ၊ ဆဲလ်များ၊ သက်ရှိများ ပါဝင်ဝင်သော ရှုပ်ထွေးသောစနစ်တစ်ခုဖြစ်သည်။ ၎င်းတွင် အာရုံကြောစနစ်၊ ခုခံအားစနစ်နှင့် ဂေဟစနစ်ကဲ့သို့သော အရာများပါဝင်နိုင်သည်။
ကွန်ရက်ဟူသောဝေါဟာရ၏ တိကျသောဆိုလိုရင်းသည် ၎င်းကို အသုံးပြုသည့် အကြောင်းအရာပေါ်မူတည်မည်ဖြစ်သည်။ သို့သော် ကွန်ရက်အားလုံးတွင် တူညီသော ဘုံအင်္ဂါရပ်အချို့မှာ
၎င်းတို့ကို တစ်ဦး (သို့) တစ်ခု ၊ တစ်အုပ်စု ဖြင့်ဖွဲ့စည်းထားသည်။
၎င်းတို့တွင်ပါဝင်သော တစ်ဦး (သို့) တစ်ခု ၊ တစ်အုပ်စု စသည်များသည် အချင်းချင်းချိတ်ဆက်ထားသည်။
ချိတ်ဆက်သော အရာများကိုလည်း အချက်အလက်များ (သို့) အရင်းအမြစ်များ ပေးပိုရန်အသုံးပြုနိုင်သည်။
ကွန်ရက်များသည် ကြီးသည်လည်းဖြစ်နိုင်သကဲ့သို့ ငယ်သည်လည်းဖြစ်နိုင်သည်။ ရှုပ်ထွေးသည်လည်ဖြစ်နိုင်သကဲ့သို့ ရိုးရှင်းသည်လည်ဖြစ်နိုင်သည်။ ၎င်း၏ချိတ်ဆက်မှုများကို လက်တွေ့လောကတွင် မြင်တွေ့နိုင်သည်များရှိသကဲ့သို့ စိတ်ကူးဖြင့်နားလည်းရသည်များလည်းရှိသည်။