html၊ css၊ javascript တွေကိုမိတ်ဆက်ပေးပြီးပြီဆိုတော့ အခုကျွန်တော်တို့ ဝက်ပေ့တစ်ခုစမ်းရေးကြည့်ပါမယ်။
ဝက်ပေ့ရေးဖို့အတွက် Code Eitor လိုပါတယ်။ Code Editor ဆိုတာက software တစ်ခုပါပဲ။ ကျွန်တော်တို့စာဖိုင်တစ်ခုရိုက်မယ်ဆိုရင် Microsoft Word လိုအပ်သလိုပါပဲ။ Code Editor တွေက အများကြီးရှိပါတယ် မိမိဖန်တီးမည့် လုပ်ငန်းပေါ်မူတည်ပြီး (သို့) မိမိအကြိုက်ပေါ်မူတည်ပြီး အဆင်ပြေရာရွေးနိုင်ပါတယ်။
ကျွန်တော်ကအခု Sublime Text Code Editor ကိုသုံးပါမယ်။
www.sublimetext.com/download သို့သွားပြီး မိမိအပြုမည့်ကွန်ပျူတာနှင့်ကိုက်ညီသည့် installer ကိုရယူပြီးမိမိ ကွန်ပျူတာတွင်တင်လိုက်ပါ။
မိမိကွန်ပျူတာတွင် Sublime Text Code Editor ရရှိပြီဆိုလျှင် ဖွင့်ပြီး အပေါ်ဆုံးမှာရှိတဲ့ menu bar မှ File > New File ကိုနှိပ်လိုက်လျှင် untitled လို့အမည်ရှိတဲ့ ဖိုင်တစ်ပေါ်လာပါမည်။
အခုလက်ရှိရရှိလာသောဖိုင်သည် အမည်မပေးရသေးသလို ဘာဖိုင်အမျိုးအစားလဲဆိုတာမသတ်မှတ်ရသေးပါဘူး။
ဒါကြောင့်ဖိုင်ကိုအမည်ပေးခြင်းနဲ့ ဖိုင်အမျိုးအစားသတ်မှတ်ဖို့အတွက် menu bar မှ File > Save (သို့) Save As ကိုနှိပ်လိုက်ပါ။
ထိုအခါ Save Box ပေါ်လာပါမည်။ Save Box မှ ပထမဆုံး မိမိဖန်တီးထားသည့်ဖိုင်ကိုသိမ်းလို့သည့် နေရာကိုရွေးပါ (အခုလောလောဆယ်တော့ Desktop ကိုရွေးပါ)။ ထို့နောက် File name: ထည့်သွင်းရမည့်နေရာတွင် index လို့အမည်ပေးပြီး ဖိုင်အမည်နှင့်ကပ်လျှက်တွင် extension .html ကိုပါရိုက်ထည့်ပါ။ ပြီးလျှင် Save ကိုနှိပ်လိုက်ပါက html အမျိုးအစား index အမည်ရသော ဖိုင်တစ်ခု Desktop ပေါ်တွင်ရရှိလာပါပြီ။
အခုဖိုင်အမည်ကို index လို့အမည်ပေးထားပါတယ်။ အခြားအမည်ပေးကောပေးလို့မရဘူးလားဆိုတော့ ပေးလို့ရပါတယ်။ ဘာလို့အမည်ကို index လို့ပေးရလဲဆိုတော့ မိမိရေးသားသည့်ဝက်ပေ့ပြီးသွားပြီဆိုပါဆို့။ ထိုအခါမိမိဝက်ဆိုက်ကို အသုံးပြုသူတိုင်းက အချိန်မရွေးကြည့်ရှု့အသုံးပြုနိုင်ရန် webserver မှာထားပေးရပါတယ်။ ဥပမာ မိမိဝက်ဆိုက် အမည်က www.website.com ဆိုလျှင် အသုံးပြုသူများက www.website.com ကို browser မှ address bar မှာရိုက်လိုက်ပြီဆိုလျှင် မိမိဝက်ပေ့ထားတဲ့ webserver က မိမိတင်ထားသောဖိုင်တွေထဲမှာ index.html (သို့) index အမည်ရှိတဲ့ဖိုင်ကိုရှာပြီး အလိုအလျှောက် မိမိဝက်ပေ့ဖော်ပြပေးပါတယ်။ အကယ်၍ index အမည်ရှိတဲ့ ဖိုင်မတွေ့ရင်တော့ မိမိ server မှာတင်ထားတဲ့ဖိုင်အားလုံးကိုသာမြင်ရမည်ဖြစ်ပြီး ဝက်ပေ့တက်လာမည်မဟုတ်ပါ။ သို့ပေမယ့်လည်း index အမည်ရှိတဲ့ဖိုင်မဟုတ်ပဲ အခြားအမည်ရှိတဲ့ဖိုင်ကိုအသုံးပြုပြီး မိမိဝက်ဆိုက် တက်လာအောင်လည်း webserver coniguration ကိုပြင်ဆင်နိုင်ပါတယ်။
extenstion ကို .html ကိုဘာလို့ ဖိုင်အမည်နောက်မှာကပ်ရိုက်ထည့်လည်းဆိုတော့ ကျွန်တော်က html ဖိုင်အမျိုးအစားလိုချင်လို့ပါ။
အခု html အမျိုးအစား index အမည်ရှိတဲ့ ဖိုင်တစ်ခုရှိပြီဆိုတော့ ဝက်ပေ့စရေးနိုင်ပါပြီ။
<html လို့ရိုက်လိုက်လျှင် Sublime Text Suggesstion မှာ html လို့ပေါ်လာလျှင် Enter နှိပ်လိုက်ပါက html document format တစ်ခုအလိုအလျှောက် ရရှိလာပါမည်။
<!DOCTYPE html>
<html>
<head>
<meta charset="utf-8">
<title></title>
</head>
<body>
</body>
</html>
File > Save (သို့) Ctl+S ကို နှိပ်ပြီး save လိုက်ပါ။ အခုဆိုရင်တော့ html document format ပါသော ဖိုင်တစ်ခုရပြီဖြစ်ပါတယ်။