HTML (သို့) ဝက်ဆိုက်ဖန်တီးမှုနယ်ပယ်အတွင်းသို့ ဝင်ပေါက်

ဝက်ဆိုက်ဖန်တီးရေးသားမှုနယ်ပယ်နဲ့ လုံးဝထိတွေ့လုပ်ကိုင်ခဲ့ဖူးခြင်းမရှိတဲ့သူ တစ်ယောက်နေဖြင့် ဝက်ဆိုက်ဖန်တီးရးသာမှုကို စတင်လေ့လာဖို့တွက်က html က ဝက်ဆိုက်ဖန်တီးရေးသားမှုနယ်ပယ်ထဲကို ဝင်ရောက်ဖို့ အကောင်းဆုံး ဝင်ပေါက်ဖြစ်ပါတယ်။

ဘာလို့လဲဆိုတော့ html က ဝက်ဆိုက်ဖန်တီးရေးသားခြင်း၊ ဝက်အပလီကေးရှင်းဖန်တီးရေးသားခြင်း၊ဝက်နဲ့ပက်သက်တဲ့ ဖန်တီးရေးသားမှုတိုင်း အတွက်မပါမဖြစ် ဖြစ်နေလို့ပါ။ နောက်ပြီး editor ရှိရုံနဲ့ဖန်တီးရေးသားလို့ရတယ် browser ရှိရုံနဲ့ ဖန်တီးရေးသားထားတာတွေ မှန် မမှန် စမ်းကြည့်နိုင်တယ်။

ဝက်စာမျက်နှာတစ်ကို အခြေခံအားဖြင့်တော့ ၁. content ၂. presentation ၃. behavior ဆိုပြီး အပိုင်း (၃) ပိုင်းနဲ့ဖန်တီးရေးသားကြပါတယ်။

content ပိုင်းမှာတော့ ဝက်စာမျက်မှာ လာရောက်ကြည့်ရှု့သူတွေကိုဖော်ပြချင်တဲ့ စာသား၊ ပုံ၊ ဗွီဒီယိုတွေပါဝင်ပါတယ်။ content ပိုင်းကို html ကိုသုံးပြီးတော့ ဖန်တီး‌ရေးသားပါတယ်။ html ဆိုတာ Hypertext Markup Language ကိုဆိုလိုတာပါ။ 

Hypertext ဆိုတာက ကွန်ပျူတာပေါ်မှာပေါ်နိုင်တဲ့စာသားတွေဖြစ်ပါတယ်။ ပြီးတော့ Hypertext မဟုတ်တဲ့စာသားတွေ (သို့) hypertext documents တွေကိုချိပ်ဆက်ပေးထားတဲ့ links တွေပါဝင်ပါတယ်။ 

Markup Language က document တစ်ခုအတွင်းမှာ ပါတဲ့အချက်အလက်တွေကို ဖတ်ရှု့သူကိုတင်ပြတဲ့အခါမှာ ဖွဲ့စည်းပုံ၊ ပုံစံ၊ အပြင်အဆင် တွေနဲ့ဘယ်လိုဖော်ပြရမယ်ဆိုတာကို ဖော်ပြပေးမည့် software (သို့) program တွေကို ပြောပေးပါတယ်။

html က browser တွေ နေဖြင့် ဝက်စာမျက်နှာကြည့်ရှု့သူတွေကို စာသား၊ links၊ ပုံ၊ ဗွီဒီယို စတာတွေကို ဖော်ပြတဲ့နေရာမှာ ဘယ်လိုဖော်ပြပေးရမလဲဆိုတာ ပြောပြပေးတဲ့ Markup  language ဖြစ်ပါတယ်။

html တွေရဲ့အလုပ်လုပ်ပုံကိုမြင်သာအောင် Microsoft Word ကို ဥပမာထားပြီးပြေပါရစေ။

Microsoft Word document တစ်ခုမှာ ပါဝင်တဲ့ စာသားတွေကို ခေါင်းစဉ်အနေနဲ့ဖော်ပြမည့်စာသားတွေကို heading format နဲ့ ဖော်ပြနိုင်ပါတယ်။ ရိုးရိုးသာမန်အကြောင်းအရာဖော်ပြတဲ့ စာသားတွေကိုတော့ paragraph format နဲ့ဖော်ပြပါနိုင်ပါတယ်။ ပိုမိုသိသာစေလိုတဲ့ စာသားတွေကို စာလုံးဆိုက်ကြီးတာ၊ စာလုံးတစ်လုံးနှင့် တစ်လုံးကြားအကွာအဝေး၊ အရောင်ခြယ်တာ၊ နောက်ခံအရောင်ထားတာ စတာတွေကိုလည်း လုပ်နိုင်ပါတယ်။ ဝက်ဆိုက်နဲ့ချိပ်ဆက်နိုင်တဲ့ links တွေပါထည့်နိုင်ပါတယ်။ စာပုဒ်တစ်ပုဒ်နဲ့ တစ်ပုဒ်ကြား မျဉ်းတားတာတွေလည်းလုပ်နိုင်ပါတယ်။ အခြားလုပ်နိုင်တဲ့အရာတွေလည်း အများကြီးရှိပါသေးတယ်။ ဒါတွေက Microsoft Word မှာပါတဲ့ Markup language တွေကလုပ်ဆောင်ပေးတာပါ။

Markup Language မပါရင်ဘယ်လိုပုံဖြစ်သွားလဲသိချင်ရင် Microsoft Word တစ်ခုမှာပါတဲ့ စာသား၊ ပုံ စတာတွေကို copy ကူပြီး Notepad ထဲထည့်ကြည့်နိုင်ပါတယ်။ Markup Language ရဲ့ အကူအညီမပါတဲ့ခါ တင်ပြပုံအချက်အခဲရှိသလို ဖတ်ရှု့သူအတွက်လည်းအခက်အခဲအများကြီးဖြစ်စေပါတယ်။

html မှာကတော့ Microsoft Word မှာလို စာသား၊ ပုံ၊ ဗွီဒီယို စသည့် content တွေကို အလွယ်တကူ format ချနိုင်တဲ့ software support မပါပါဘူး။ ဖန်တီးသူကကိုယ်တိုင်ရေးပေးရမှာပါ။